Thursday, February 28, 2008

မျဉ်း

ကံ့ကော်တစ်ပွင့်ကြွေဖို့
ကံ့ကော်ပင်ကို ကိုင်လှုပ်ခဲ့တာ မဟုတ်ဘူး …

စောင်းနေတဲ့ ကမ္ဘာပေါ်မှာနေတော့
ငါ ကလဲ
ခပ်စောင်းစောင်းပဲ မတ်တတ်ရပ်တယ် …

ငါ့ ဘ၀ မှာလဲ
အဖိတ်အစင် ရှိခဲ့တာပါပဲ
ထူးထူးထွေထွေပြန်ပြောင်းပြောပြနေဖို့မလို …

ပန်းတွေသစ္စာမရှိတဲ့ အကြောင်းကိုတော့
ပိတောက် က တခမ်းတနား ပြောပြတယ် …
အဲဒီ ကတည်းက …
သင်္ကြန်စာ မဖတ်ဘူး …
သင်္ကြန်ကဗျာ မရေးဘူး …

အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင် …
မသိုးထမင်း မသိုးဟင်း …
စာရွက်လွတ် အတော်များများ …
မှင်ချောင်း အပိုပါတဲ့ ဘောလ်ပင် …
ဒီ့ အပြင် …
ငါ့အတွက် ဘာမှမလိုအပ်ပါ …

“ အချစ် ” က
စစ်တုရင်ခုံပေါ်က “ ရထား ” နဲ့တူတယ် …
“ မေတ္တာ ” ကတော့
“ ဘုရင်မ ” နဲ့ တူလေရဲ့ …

တွဲလက်မြဲပြီး တစ်သက်လုံးပျော်ရမယ်လို့
ဘယ်တော့မှမတွေးလေနဲ့ …
ငါတို့တတွေဟာ
တစ်လှေထဲစီး တစ်ခရီးထဲသွားတွေဆိုတာကလွဲရင်
တစ်ခြားဘာမှ မပိုခဲ့ဘူး … …

တည်ညိမ်းကို


14 comments:

  1. ကောင်းမှကောင်းအကိုရေ..မိုက်တယ် ။

    ReplyDelete
  2. ဟဲဟဲ ကဗျာလေးက မိုက်တယ်နော် ယုန်ကလေးက ကဗျာ မရေးတတ်ဘူး အခုလိုအကြံပေးတော့ ကျေးဇူးအထူးတင်ပါ တယ် နောက်လည်း ပြင်ပေးဦးနော် ကျေးဇူးဆပ်ပါမှာ ကြုံ၇င်ပေါ့နော်

    ReplyDelete
  3. ဒီကဗျာလေး နားလည်ရလွယ်တယ် ..ကြိုက်တယ်ဗျာ မှတ်ချက်ကောင်းကောင်းတော့ မပေးတတ်ဘူးဗျ...ကဗျာတွေကိုအရမ်းကြိုက်ပေမယ့် ညဏ်ရည်သိပ်မမှီတော့ ကော့မန့် ပေးခဲ့တာ ဘရားသားကြီးရေ့...အားပေးနေပါတယ် လေးစားလျှက် ..............

    ReplyDelete
  4. အစ်ကိုရေ လက်သွက်နေတယ်နော်..။
း)

    ReplyDelete
  5. “ အချစ် ” က
    စစ်တုရင်ခုံပေါ်က “ ရထား ” နဲ့တူတယ် …
    “ မေတ္တာ ” ကတော့
    “ ဘုရင်မ ” နဲ့ တူလေရဲ့ …

    အဲဒီတင်စားချက်လေးကို တကယ်ကြိုက်တယ်ဗျာ.. တကယ်လဲကွားခြားလှပါတယ်ဗျာ..

    ReplyDelete
  6. အားပါးပါး... တယ်လဲ ကဗျာဥာဏ်သွက်တဲ့ ငါ့အကိုပါလားနော်။ ကောင်းလိုက်တဲ့ စာသားတွေ။ အချစ်နဲ့ မေတ္တာကို နှိုင်းထားတာလေးလဲ ကြိုက်မှကြိုက်။

    ReplyDelete
  7. ဟုတ်တယ်နော်ကိုတည်ရေ...
    အချစ်နဲ့မေတ္တာကို နှိုင်းထားပုံလေးကို...
    ငါတို့တတွေဟာ
    တစ်လှေထဲစီး တစ်ခရီးထဲသွားတွေဆိုတာကလွဲရင်
    တစ်ခြားဘာမှ မပိုခဲ့ပါဘူး … …
    မျဉ်း...မျဉ်း...မျဉ်း...ကောင်းတယ်ကဗျာလေး
    လေးစားစွာဖြင့်
    အိမ်လေး

    ReplyDelete
  8. ကိုတည်ရေ...
    ဒီကဗျာကို အကြိုက်ဆုံးပဲ...
    နှိုင်းယှဉ်ပြထားတာက အရမ်းကောင်းတယ်...
    အားပေးနေလျှက်ပါနော်...
    ကိုတည်တို့များ... နေမကောင်းဘူးဆိုပြီးတော့...
    ကဗျာတွေတယ်ရေးကောင်းနေပါလား... ဟီး...

    ReplyDelete
  9. တခြားဘာမှ မပိုခဲ့ဘူးဆိုတဲ့နေရာလေး အရမ်းခံစားရတယ်

    ReplyDelete
  10. နောက်ဆုံးကျရင် ခွဲသွားရမယ်လို့ ပြောချင်တာလားပာင်.. ဘ၀တစ်ကွေ့မှာ ခဏတွေ့ခဲ့ပြီး ကံကုန်တော့လည်း ပြန်ရုံပဲရှိတော့တာပေါ့.. အဲ့လိုလား.. လူတော်တော်များများက အဲ့လိုသဘောမထားနိုင်ကြဘူးနော်.. ကောင်မလေး အပါအ၀င်ပေါ့.. :) ကဗျာလေး တော်တော်ကောင်းတယ်..

    ReplyDelete
  11. ဒီကဗျာကို တော်တော်သဘောကျတယ်။
    အားပေးလျက်

    ReplyDelete
  12. ကောင်းတယ်အကိုရေ...ငါတို့တွေဟာ တစ်လှေထဲစီး တစ်ခရီးထဲသွားတွေ ဆိုတာကလွဲရင် တခြားဘာမှ မပိုခဲ့ဘူး ဆိုတာလေးကို အရမ်းကြိုက်တယ်။

    ReplyDelete
  13. ရထားနဲ့ ဘုရင်မ..
    ပြောလို့ပြောတာမဟုတ်ဘူး..
    မုတ်သုန်အနေနဲ့ပြောရရင်တော့..
    ရထားနဲ့ ဘုရင်မ အတူရှိနေရင်..
    ပွဲသိမ်းဖို့ခက်တယ်ဗျ...
    ရထားတစ်စင်းတည်းနဲ့ မနိုင်နိုင်လောက်ပေမယ့်..
    ဘရင်မရှိနေရင် ပိုအားတက်သလားလို့..
    ကံကော်ပင်အောက်က ဖြတ်ခဲ့တုန်းက..
    တွေးခဲ့တာလေးပါ...

    ReplyDelete
  14. ဒီကဗျာကို လောလောဆယ်အကြိုက်ဆုံး ဖြစ်သွားရတယ် ရိုးရှင်းတဲ့ အရေးအသားလေးတွေဟာ နက်နဲတဲ့ခံစားမှုတွေကို တခမ်းတနားမဟုတ် ကုတ်ကုတ်ရုတ်ရုတ်သယ်လာပေးပါတယ်

    ReplyDelete