Wednesday, February 20, 2008

လွမ်း ( ၂ )

လေးထောင့်စပ်စပ် ပုံစံမျိုးထဲ
ခန္ဓာတစ်ခုလုံး ရိုက်ချိုးလဲ
ဝင် မ သွားတာက ခက်တယ် … …

ထောင့်စွန်းတစ်ဖက်မှာပဲ တစ်ဆို့
ငါဆိုတဲ့ ကောင်ကလဲ
အဲဒီလိုပဲ ခေါက်ရိုးကျိုးခဲ့ … …

မင်းရဲ့လက်တွေ
သိမ်းနှုတ်သွားမှာကလွဲလို့
ဘာဆိုဘာမှ မကြောက်တဲ့သူ … …

မြင်ဖူးရုံနဲ့ လွမ်းတာမဟုတ်ခဲ့ဘူး …
ချစ်ဦးသူပဲ ပြောပါတော့ …
အဲဒီကောင် …
မင်းနာမည်တစ်လုံးစာကို
သက္ကရာဇ်နဲ့ ချီပြီး
ရပ်တန့်ပြနေအုံးမှာ … …

တည်ညိမ်းကို

4 comments:

  1. လွမ်း (၂) ...
    မြင်ဖူးရုံနဲ့ လွမ်းတာမဟုတ်ခဲ့ဘူး …
    ချစ်ဦးသူပဲ ပြောပါတော့ …
    ကြိုက်တယ်ဗျ...:)

    ReplyDelete
  2. ကိုယ်လဲ ဆယ်စုတနှစ်စာလောက် လွမ်းလိုက်ဦးမယ်

    ReplyDelete
  3. မြင်ဖူးရုံနဲ့ လွမ်းတာမဟုတ်ခဲ့ဘူး …
    ချစ်ဦးသူပဲ ပြောပါတော့ …

    Nice words, bro!

    ReplyDelete
  4. ကိုယ့် ခန္ဓာကိုယ် မချိုးလိုက်ပါနဲ့ အကိုရေ။ အနော်တော့ ကြောက်ကြောက်း) ကဗျာတွေ အရမ်း ကောင်းဆဲပဲ အကိုရေ...္ဓ္ဒ

    ReplyDelete