Monday, February 25, 2008

ဗလာ

ဆောင်းရာဇ၀င်ထဲ
မီးခင်းတဲ့ လမ်းပေါ်မှာ
ရင်ဘတ်တစ်ခြမ်းနဲ့ စုံလုံး ကန်းနေလိမ့်မယ်လို့
ဘယ်တွေးခဲ့ မိမလဲ … …

ကဗျာတွေတဟုန်းဟုန်းတောက်ပြမှ
ချစ်ခြင်းရဲ့သက်သေခိုင်မာတယ်ဆိုရင်
မင်းအကြည့်တစ်ချက်စာလောက်တောင်
ငါ့အတွေးအခေါ်တွေ
မချွန်မြခဲ့ပါဘူး … …

ချစ်သူရေ …
ငါနဲ့ ပန်းပွင့်လေး
တဖြည်းဖြည်း မဝေးပါရစေနဲ့ …
ရှာရင်းဖွေရင်းက
ပျောက်နေတဲ့ အိပ်မက်ကို
အိပ်ရာထဲက ပြန်တွေ့ခဲ့တာပါ … …

ဟောင်းနွမ်းသွားသတဲ့လား …
အဟောင်းထဲက သစ်လွင်ဆဲအရာတွေမှာ
ချစ်ခြင်းမေတ္တာလဲ ပါလေရဲ့ … …

ဒီလိုနဲ့ပဲ
တမျှော်တခေါ် … ဝေး … ကြ …
တစ်ယောက်ထဲ ရပ်နေရတာကြာတော့
နေရောင်အောက်မှာဆိုလဲ …
ငါ့ ကဗျာတွေက အရိပ်မထွက်တော့ရှာဘူး … …

တည်ညိမ်းကို



2 comments:

  1. နေရောင်အောက်မှာဆိုလည်း ကဗျာတွေက ဘာလို့အရိမ်မထွက်တော့တာလဲပာင်.. ;)

    ReplyDelete
  2. ဆောင်းရာဇ၀င်ထဲ
    မီးခင်းတဲ့ လမ်းပေါ်မှာ
    ရင်ဘတ်တစ်ခြမ်းနဲ့ စုံလုံး ကန်းနေလိမ့်မယ်လို့
    ဘယ်တွေးခဲ့ မိမလဲ

    စာသားတွေထိတယ် ညီလေးရေ

    ReplyDelete