Thursday, February 7, 2008

မိုးစက်ရုပ်ကြွင်း

မိုးပွင့်တွေ ထစ်ချုန်းရွာလို့
ကောင်းကင်တောင်
မကြည့်ဖြစ်တာကြာပြီ … …

အဆိပ်တက်ဘာသာဗေဒကို
မြေပြင်မှာ ပျိုးစမ်း
ခုနှစ်ထွေ ရှစ်ထွေအလွမ်းနဲ့
သံစဉ်တွေသေခဲ့ကြ … …

မျက်ဝန်းစူးလဲ့လဲ့ရေ …
ငါ … ဘယ်လိုပုံစံနဲ့
ဟောင်းနွမ်းရ … ဟောင်းနွမ်းရ … …

ပန်းလေးတစ်ပွင့်
စကြာဝဠာ အလယ်မှာပွင့်လို့
ကောင်းကင်ကြီးကိုဖောက်ဖို့
တိမ်ဆူးတွေလဲ ဖူးကုန်ကြပြီ … …

ယွန်းသဲ့မိုး

( “ ၀င်္က ကချေသည် ” မှ )

No comments:

Post a Comment