Thursday, February 7, 2008

ဖတ်စာ

တောင်းဆိုး ပလုံးဆိုး မို့လို့သာပစ်လိုက်ရတယ်
တစ်ဘ၀လုံးကို မျှောပြီး ရက်လုပ်ခဲ့ရ … …

လမ်းဘေးဓါတ်တိုင်အောက်က အရိပ်ဟာလဲ
ငါ့ အရိပ်ပါပဲ … …
အတင်းအဓမ္မ ရောင့်ရဲ စရာမလို
ဘ၀ဆိုတာကြီး လဲပြိုခဲ့ရင်
ကိုယ့်ကိုယ်ကို ထူမနိုင်ဖို့ကိုပဲ
အရင် သင်ကြားပါ … …

လူတကာမှာ
နားကိုယ်စီပါရဲ့ …
ဆူညံသံတွေအကြား
သာယာသံလေးတစ်ခုတစ်လေများကြားနိုင်မလား
ထုတ်နုတ်နားဆင်တတ်ဖို့ကိုပဲ
အရင်သင်ကြားပါ … …

လူပြောသူပြောများတဲ့အခါ
ချွတ်ချော်မှုတွေ လမ်းပြလို့
သူများ တံထွေးကွက်ထဲကျခဲ့ရင်တောင်
အပြုံးလေးဖော်ရင်း
ပက်လက်မျှောတတ်ဖို့ကိုပဲ
အရင်သင်ကြားပါ … …


စိတ်တွေရှုပ်ထွေးနေလို့ ချရေးမိတဲ့ ကဗျာလေးတစ်ပုဒ်ပါ … မကောင်းမှန်းသိပေမယ့်
ရေးပြီးရင် မလွှင့်ပစ်ရက်တဲ့ ကျွန်တော့်အကျင့်ကြောင့် ပို့စ်အဖြစ်တင်လိုက်တာပါ …
ဒုက္ခခံပြီး ဖတ်ပေးကြပါအုံး …

တည်ညိမ်းကို


No comments:

Post a Comment