Saturday, February 9, 2008

လယ်သမား

မြေလွတ်မြေရိုင်းကိုမှ
ဆွဆွလာလိုက်တာ
ထုံဝေသင်းမြ
စပါးခင်းလေး လှလာတယ် … …

လယ်ယာဆိုမှတော့
မိုးလိုမယ် …
သြဇာလိုမယ် …

ဘယ်တော့မှ စိတ်ဓါတ်မကျကြေး
ကိုယ့်စပါးခင်းလေးကိုယ်
နွေးထွေးပါစေလားကွယ် … …

တည်ညိမ်းကို

( အခုတလော … ကျွန်တော်ရင်းနှီးသော ဘလော့ဂါများ ယာယီ (သို့မဟုတ်) အပြီးအပိုင် အငြိမ်းစား ယူနေကြတာ ကြုံနေရပါတယ် … သူတို့မှာတော့ အကျိုးအကြောင်းရှိပေမယ့် ကျွန်တော့် အတွက်ကတော့ စိတ်မကောင်းမိတာအမှန်ပါ … ခင်မင်ဆုံဆည်းမယ်လို့ကြံခါရှိသေး … ဝေး တော့မဝေးချင်ပါ … ဒီအတွက် ကဗျာလေးစပ်မိပါတယ် … အားအင်တစ်မျိုးများ ပြန်ဖြစ်လာမလားပေါ့ … ကျွန်တော် တတ်နိုင်တာကတော့ ဒီလောက်လေးပဲရှိပါတယ် … ပြန်လာနိုင်ကြပါစေ … )

7 comments:

  1. စီဗုံးက ဖွင့်နေတာ မနက်တည်းက ပါရှင့်...
    အဟဲ... ခုထက်ထိ အရသေးလို့ ဒီနေရာလေးကနေ ပဲ
    ကောင်းသောနေ့လေးပါလို့နူတ်ဆက်ပါတယ်နော်...:)
    ဟုတ်ပါတယ်ဗျို့...
    လယ်သမားလေးကို ထောက်ခံ ပါ၏...:D

    ReplyDelete
  2. ကဗျာလေး ဖတ်ကြည့်မှ အရမ်း အားနာနေမိတယ်ဗျာ။ ကျွန်တော်လဲ တကယ် မအားလို့ မရေးဖြစ်လိုက်တာပါ။ ကြာတော့ ကြာသွားတယ်။ ဘလော့ကို စွန့်ခွာဖို့ထိတော့ ကျနော် ဘယ်တုန်းကမှ မဆုံးဖြတ်ဖူးပါဘူး။ ခုကဗျာလေးကို ဖတ်ပြိး အလုပ်တွေ ကျိုးစားရှင်းပြိး အချိန်ရအောင်လုပ်ပြီးတာနဲ့ ပြန်ရေးပါတော့မယ်။ အားဖြစ်စေတဲ့ ကဗျာလေးအတွက် တကယ်ကို ကျေးဇူးဗျာ...

    ReplyDelete
  3. ဟုတ်တယ်အကိုရေ...ညီလည်း အဲဒါတွေကြားရင်စိတ်မ
    ကောင်းဖြစ်မိတယ်...ဒီကဗျာလေးကိုထောက်ခံပါတယ်

    ReplyDelete
  4. ဘယ်တော့မှ စိတ်ဓါတ်မကျကြေး
    ကိုယ့်စပါးခင်းလေးကိုယ်
    နွေးထွေးပါစေလားကွယ်
    အရမ်းကောင်းတဲ့ အားပေးစကားလေးပဲဗျာ
    စပါးခင်းလေးကို ကျောခိုင်းမလို့  စမ်းကြည့်နေတာပါ ကတယ်တော့လဲကျော မခိုင်း၇က်ပါဘူးဗျာ...
    ပျော်ရွှင်စွာနဲ့  ဘလော့သွားပါ့မယ်..
    အစ်ကိုလဲ ပျော်ရွှင်ပါစေဗျာ
    နေရာလွတ်ကြီးမှာ ကဗျာတွေ အများကြီး စိုက်ပျိုးနိုင်ပါစေ............

    ReplyDelete
  5. ဘယ်တော့မှ စိတ်ဓါတ်မကျကြေး
    ကိုယ့်စပါးခင်းလေးကိုယ်
    နွေးထွေးပါစေလားကွယ်
    ဟုတ်တယ်..လျှောက်ပြီးတဲ့လမ်း မရပ်နားကြေး
    နောက်ပြန်မလှည့်ကြေး....
    ကဗျာလေးကိုခံစားသွားတယ် ညီလေးရေ

    ReplyDelete
  6. ကိုတည်ရေ ကဗျာလေးဖတ်ပြီးတော့ စိတ်မကောင်းဖြစ်သွားတယ်... ဒါကြောင့်ဒှတေ့ပဲ အသစ်တင်လိုက်တယ်... ကိုယ်ကိုတိုင်လုပ်ထားတြ့ စပါးခင်းလေး ကိုတော့ အပြတ်မခံနိုင်ပါဘူးရှင်... ရှင်သန်လာအောင် ကြိုးစားသွားမှာပါ...

    ReplyDelete
  7. ညီလေးရေ ကျေးဇူး ... ရပ်နားလိုက်တိုင်း အရှုံးပေးတာမှ မဟုတ်တာ ... အချိန် အတိုင်းအတာ တစ်ခုတော့ စောင့်ကြည့်ဖို့ လိုနေသေးတာပဲ ... ဘာပဲ ဖြစ်ဖြစ် အားပေးတာ ကျေးဇူးး :D

    ReplyDelete