Sunday, June 15, 2008

စိမ့်ပေါက်

ဒီတစ်ခေါက် အိမ်အပြန်

ချစ်သူလက်ကို ဖမ်းဆုပ်ကြည့်တော့ …

ရင်ခုန်သံက

နေတစ်ခြမ်း … လ တစ်ခြမ်း …


ညနေပျပျ နဲ့

ခိုးခိုးပြီးပွင့်တတ်တဲ့ အပြုံးများ

ဘယ်ဖက်အိပ်ကပ်ထဲကနှိုက်ထုတ်ခံရ …

ဒီတစ်ခေါက် အိမ်အပြန်

ရင်ကိုခွဲတဲ့ နှုတ်ခမ်းကလဲ

နေတစ်ခြမ်း … လ တစ်ခြမ်း …


ချစ်လို့ထားရစ်ခဲ့သတဲ့လား …

မနေ့ညကသောက်တဲ့ ၀ိုင်ထဲ

ငါတို့နှစ်ယောက်ရဲ့ ကိုယ်သင်းရနံ့တွေရောထည့်ဖို့

မင်း … မေ့နေခဲ့တယ်ထင်ရဲ့ …


လွင်ပြင်စိမ်းစိမ်းတွေအကြောင်းပဲ ပြောကြရအောင်ကွယ် …

ခိုင်မြဲပြီးသား ကြိုးကိုဖြတ်ဖို့

မင်းစိတ်ဓါးသွားတွေကို

… ထုတ် … ထုတ် မကြည့်စမ်းနဲ့ …


သင်္ဘောမစီးဖူးတဲ့ ပင်လယ်ခရီးသွား

ခပ်ကြမ်းကြမ်းလေး လှိုင်းမူးခဲ့တာပါ …

မင်းရဲ့ သနပ်ခါးရနံ့တွေနဲ့ပဲ

ငါ့ကို ကူညီစေချင်တယ် …


လ, အလင်းနောက် တကောက်ကောက်လိုက်ရင်း

ညရဲ့ ပြူစားခြင်းကိုခံရသူဟာ

ဆောင်းနံ့မစင်တဲ့ ၀တ်မှုံလို

ကွေးညွတ်အေးစက်ရ …

လောကဓံရေ …

သင်နှင့်ကျွန်ုပ်

အဘယ်ရန်ငြှိုးရန်စမျှ

မရှိခဲ့ပေဘူး …


တံခါးခေါက်ပြီးမ၀င်တတ်တဲ့အကျင့်ကြောင့်

ချောင်ကျကျ အခန်းထောင့်မှာ

အမှောင်ကိုစီရင်ဖို့

ငါ့လိပ်ပြာကိုပဲ ဖမ်းချုပ်လိုက်မိပေါ့ …

တည်ညိမ်းကို




Read More...