Tuesday, February 26, 2008

နဂ္ဂတစ်

အိပ်မက်တစ်ခုထဲကိုပဲ
တစ်ညထဲ နှစ်ခါပြန်မက်တယ် …
သားကြောက်တာပေါ့ အမေရယ် … …

အိပ်မက်ထဲမှာ …

သက်ကြီးရွယ်အိုအရိပ်တွေကို
လူငယ်တွေက လိုက်နင်းကြတယ် …
အမိုက်တရားကို ဆွဲဆန့်ပြီး
တစ်ချို့လူတွေ ထောင်လွှားကြတယ် …
မေတ္တာတရားကို ယမ်းတောင့်ထဲထည့်
တစ်ယောက်ကို တစ်ယောက် “ တေ့ ” ပစ်နေကြတယ် …
အဖ နှဖူးမှာမှ
ကန်တော့ပွဲ ၊ ရာဇမတ်ကာနဲ့
သားတစ်စု သိုက်တူးနေကြတယ် …

ကြောက်လာလို့ သား ထွက်ပြေးတော့ …

မြေခွေးတွေက လမ်းပြကြတယ် …
ရန်သူမျိုး ငါးပါးက ပူးပေါင်းဖို့ခေါ်တယ် …
သူခိုးကတော့ သားကိုပြန်ပြီး ဓါးရိုးကမ်းတယ် အမေ … …

သားကလဲ
အိပ်မက်ဆိုးကလွတ်အောင်
ကိုယ့်ခုတင် အ၀န်းအ၀ိုင်းလေးလောက်ပဲ
လှည့်ပတ်ပြေးနိုင်တဲ့ ကောင်ပါ အမေရယ် … …

တည်ညိမ်းကို

11 comments:

  1. ဘာလို့အိပ်မက်တစ်ခုထဲကိုပဲ
    တစ်ညထဲ နှစ်ခါပြန်မက်ရတာလဲတယ်ရင်းကိုတည် ရ ...
    အမှန်ဆိုရင်အဲမြေခွေးတွေကတောထဲမှာပဲနေသင့်တာနော်..
    .ဘာလို့ပါလိမ့်နော်...?
    သားကလဲအိပ်မက်ဆိုးကလွတ်အောင်
    ကိုယ့်ခုတင် အ၀န်းအ၀ိုင်းလေးလောက်ပဲ
    လှည့်ပတ်ပြေးနိုင်တဲ့ ကောင်ပါ အမေရယ် … …တဲ့ဟုတ်လားဟင် ဟဲဟဲ အဆောင်တပတ်ကော ပြေးလို့အရဘူးလားဟင်...:D
    ကောင်းတယ်နဂ္ဂတစ် လေးက ...

    ReplyDelete
  2. မြေခွေးတွေက လမ်းပြကြတယ် …
    ရန်သူမျိုး ငါးပါးက ပူးပေါင်းဖို့ခေါ်တယ် …
    သူခိုးကတော့ သားကိုပြန်ပြီး ဓါးရိုးကမ်းတယ် အမေ … …

    ခိုင်းနှိုင်းဖွဲ့ဆိုချက်တွေ ကောင်းတယ် ဘရားသား... ကြိုက်တယ်ဗျာ...

    ReplyDelete
  3. သားကလဲ
    အိပ်မက်ဆိုးကလွတ်အောင်
    ကိုယ့်ခုတင် အ၀န်းအ၀ိုင်းလေးလောက်ပဲ
    လှည့်ပတ်ပြေးနိုင်တဲ့ ကောင်ပါ အမေရယ် …


    အဲ့ဒီအပိုဒ်လေးက ဟတ်ထိပဲ ကိုတည်ငြိမ်းကိုရေ
    အဟဲ ရေတစ်ခွက်လောက်
    နာမည်ခေါ်ရတာ မောသွားလို့ :P

    ReplyDelete
  4. ကောင်းလိုက်တဲ့ color လေးဗျာကိုတည်ရာ
    congrat!!!!! ဗျိုး
း)

    ReplyDelete
  5. အစ်ကိုရေ လက်သွက်နေပါလားဗျ။ ကဗျာလေးတွေ ကောင်းတယ်နော။ သင်ပြပေးဦးမှပေါ့။

    ReplyDelete
  6. အယူအဆလေး အရမ်းကောင်းတယ် အကိုရေ။ စကားလုံးတွေ ရှာထားပုံလေးကလည်း မချီးမွမ်းပဲ မနေနိုင်အောင်ပဲ။ ခုတော့ ပတ်ပြေးနေတုန်းပဲလား :P

    ReplyDelete
  7. သက်ကြီးရွယ်အို အရိပ်တွေကို လူငယ်တွေက လိုက်နင်းကြတယ်...အမိုက်တရားကို ဆွဲဆန့်ပြီး တစ်ချို့လူတွေ ထောင်လွှားကြတယ်.
    ကဗျာလေးက ကောင်းလိုက်တာ။ သားက ကိုယ့်ခုတင် အ၀န်းအ၀ိုင်းလေးလောက်ပဲ လှည့်ပတ်ပြေးတော့ ခုတင်ပေါ်မှာ ပြန်အိပ်ပျော်ပြီး အိပ်မက်က ထပ်မက်တော့မှာပေါ့။

    ReplyDelete
  8. အိပ်ရာက နိုးထပြီး ခုတင်အ၀န်းအ၀ိုင်းလေးမှာ လှည့်ပတ်ပြေးနိုင်တာပဲ တော်လှပြီလေ
    တချို့ဆို အိပ်မောကျနေရ အိပ်မက်ဆိုးတွေတောင် မက်ချင်မက်နေမှာ..

    ReplyDelete
  9. ဒီကဗျာလေး တော်တော်ကောင်းတယ်အကိုရေ..
    တရားတောင်ရလောက်တယ်

    ReplyDelete
  10. ဒီကဗျာလေး တော်တော်ကောင်းတယ်အကိုရေ..
    တရားတောင်ရလောက်တယ်

    ReplyDelete