Wednesday, February 13, 2008

( ချစ်သူများနေ့ အမှတ်တရ )


ဖေဖော်ဝါရီ

လမ်းမှားလာတဲ့ မုတ်သုံက
ကျွန်တော့်ရင်ခွင် ကိုင်းဖျားမှာ
လမ်းကြုံ လို့ လာနားတယ် … …

ပြီးတော့ …
နား နားကို ဖြည်းဖြည်းချင်းကပ်ပြီး
နွေ နွေ ချင်းထပ်ရင် … မြင့်မြတ်တဲ့အကြောင်းပြောတယ် … …

အဲဒီနောက်တော့ …
ကျွန်တော်က
ကော်ဖီရောင် ချောကလက်မှာ
အသဲတံဆိပ်တွေ ကပ်လို့ … …

သူမ ကတော့
ကျွန်တော့် ရင်ခွင် ကိုင်းဖျားမှာ
ရွှင်ရွှင်ပြုံးပြုံး … နားလို့ … …

တည်ညိမ်းကို


No comments:

Post a Comment