Sunday, February 3, 2008

လရောင်ကို ငတ်မွတ်ခြင်း

လရောင်ကို ငတ်မွတ်ခြင်း

ခေါင်းလေးမော့လို့
အဝေးကို မျှော်ကြည့်
လမင်းကို မထိတဲ့ ရင်မှာ
မိုးတွေ ရွှဲလို့ … …

ရင်ဝှက်အလွမ်းတစ်ပုဒ်မှာ
ကြက်ခြေခတ် နေ့စွဲတွေ
တစ်ရွက်ပြီးတစ်ရွက်
ဒိုင်ရာရီမှာ ဆုတ်ပစ်လိုက်မယ် … …

ဒီတစ်ခါ လ ကွယ်ပြီးရင်တော့
ငါ့ရင်ကို ဟင်းလင်းဖွင့်ထားပါ့မယ် …
နေ၀င်နေထွက်အကြား
မင်းသနားစိတ်ထားပြီး … ရင်ပေါ်ကြွေမလားပေါ့ … …

မျှော်လင့်ရင်းနဲ့ပဲ
ရင်ခုန်သံ တိုးတိတ်
ချစ်သလားမေးရင်
ခေါင်းလေးပဲ ညိတ်ပြပါ … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


1 comment:

  1. ဖတ်ပြီးသွားတော့ အချစ်ကဗျားလေးလို့ ကိုယ့်ဟာကိုယ်ပဲယူဆလိုက်တယ်
    ကဗျာတွေက်ု စကားပြေပြန်ဖို့ ပင်တိုင်လုပ်သားမလိုပါဘူး
    နှလုံးသားတိုင်းကွဲလွစြွာခံစားပါစေ နော်
    ဝင်္ကကခြေသည်ရဲ့ အချစ်ကဗျာကို နှစ်သက်စွာဖတ်သွားပါတယ်

    ReplyDelete