Tuesday, February 12, 2008

ဓါး

ငါ့ အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
…. မှိုင်းဝေ အုံပြတယ် …

စစ်မောင်းသံတွေနဲ့လဲ ယဉ်ပါးခဲ့ …
မြေမှုံမြေသင်းတို့နဲ့လဲ ယဉ်ပါးခဲ့ …
သွေးစိမ်း ရွှင်ရွှင်နဲ့လဲ ယဉ်ပါးခဲ့ …

ငါ့အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
… သင်းဝေလင်းချင်းတယ် …

အောင်ပွဲခံ ဗျပ်စောင်းသံတွေနဲ့လဲ ယဉ်ပါးခဲ့ …
စမ်းချောင်းရေတို့နဲ့လဲ ယဉ်ပါးခဲ့ …
လက်တစ်ဆုတ်စာ နံ့သာရနံ့တို့နဲ့လဲ ယဉ်ပါးခဲ့ …

ငါ့အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
… ချွန်မြ လှပတယ် …

လူနဲ့ချက်တဲ့ ၀ိုင်အရက်တွေနဲ့လဲ ယဉ်ပါးခဲ့ …
ကွေးတဲ့လက်တွေဆန့်သွားတဲ့
ဆန့်တဲ့လက်တွေကွေးသွားတဲ့
လက်ဖျစ်တစ်တွတ်စာဘ၀တွေနဲ့လဲ ယဉ်ပါးခဲ့ …
ငါ့အိမ်မှောင်မှောင်လေးနဲ့လဲ
ထာဝရ ယဉ်ပါးနေသေးရဲ့ … …

တည်ညိမ်းကို




3 comments:

  1. အကိုကြီးရေ ဒီကဗျာကို တအားကြိုက်တယ်ဗျာ။ ကူးထားလိုက်ပီ :) ပျော်ရွှင်ချမ်းမြေ့ပါစေ

    ReplyDelete
  2. ငါ့အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
    … သင်းဝေလင်းချင်းတယ် …

    အောင်ပွဲခံ ဗျပ်စောင်းသံတွေနဲ့လဲ ယဉ်ပါးခဲ့ …
    စမ်းချောင်းရေတို့နဲ့လဲ ယဉ်ပါးခဲ့ …
    လက်တစ်ဆုတ်စာ နံ့သာရနံ့တို့နဲ့လဲ ယဉ်ပါးခဲ့ …
    စာသားတွေသုံးထားတာလှတယ် ညီလေးရေ..
    အားပေးလျှက်ပါ

    ReplyDelete
  3. ကွေးတဲ့လက်တွေဆန့်သွားတဲ့
    ဆန့်တဲ့လက်တွေကွေးသွားတဲ့
    လက်ဖျစ်တစ်တွတ်စာဘ၀တွေနဲ့လဲ ယဉ်ပါးခဲ့ …

    တစ်ကယ့် ဘ၀တွေပါပဲ ညီလေးရေ ...

    ReplyDelete