Sunday, July 20, 2008

အစိမ်းချုပ်


အဲဒီလိုပဲလေ …

နွေကတော့ သူ့ဟာသူကုန်ဆုံးခဲ့တာ …

သစ်ပင်တွေသာ

နွမ်းလိုနွမ်းလိုနွမ်း …

ခြောက်လိုခြောက် …


ကောက်ကြောင်းသိပ်မလှတော့

နွေပန်းချီ မဆွဲချင်ဘူး …

ဖြစ်ချင်တာဖြစ် …

ငါချစ်တဲ့ နှင်းဆီကိုပဲ

စုတ်တံထဲထည့်မယ် …

ဆူးအပြိုင်းအရိုင်းနဲ့

သွေးထွက်သံယို လှပစေ …


ဘာတွေတွေးနေပါသလဲ …

မင်းကြိုက်တဲ့ သီချင်းတွေ

ရေဒီယိုကမလွှင့်တာ

… ကြာခဲ့ပေါ့ …

ငါ့ကိုပဲ ဖြန့်ခင်းကြည့်လိုက် …

မင်းလွှတ်ချခဲ့တဲ့ နှလုံးသားတစ်ခုပြုတ်ကျသံကြားရမယ် …


အမှတ်မရှိတဲ့ကောင်ပေါ့ …

မိုးသံလေသံကြားတိုင်း …

သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့

ချစ်သူ့ဆံနွယ်ထက်မှာ

(တခုတ်တရ)

ဖြန့်မိုးပေးချင်တုန်း …


အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …

ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …


တည်ညိမ်းကို



Read More...

Monday, July 14, 2008

ပရာရှိုင်းရ်


သတိရနေဖို့မလိုသလို

နှုတ်ဆက်နေဖို့လဲမလို …

ငါတို့ဟာငါတို့

(အ၀တ်တစ်ထည်ကိုယ်တစ်ခု)

ခွဲခွာကြရုံပေါ့ မြို့ကြီးပြကြီးရေ … …


ငါမရှိလဲ…

ကျောင်းတော်ရဲ့ရင်ပြင်မှာ

နှင်းမှုန်တွေ ဖွေးဖွေးလှုပ်နေအုံးမှာပဲ … …


ငါမရှိလဲ…

ကာလိုမင်စကားယားက ပန်းသီးပင်တွေ

အလုအယက်သီးနေအုံးမှာပဲ … …


ငါမရှိလဲ…

ငါနေဖူးခဲ့တဲ့ အခန်းလေးက

စကားသံတွေနဲ့ အသက်ဝင်နေအုံးမှာပဲ … …


အဲဒီလိုမျိုး

ငါ့ရင်ခုန်သံတွေ လူလားမမြောက်ခင်မှာပဲ

အချိန်တန်ခဲ့ပြီ …

ကဲ …

နေ၀င်နေထွက်ဖြစ်စဉ်အသစ်နဲ့

လူသားတွေရဲ့မျက်လုံးအသစ်

ငါလဲ … ငါအသစ်နဲ့ …

… အိမ်ပြန်မယ် …


တည်ညိမ်းကို

Read More...