Friday, February 8, 2008

မှော်ရုံ

သံချေးအလိမ်းလိမ်းနဲ့ လူတွေလေ
နွေခေါင်ခေါင်မှာ ကိုပဲ
မျက်နှာဖုံးတစ်ထောင်နဲ့ ရွေ့လျားကြ …

တိုက်တာတွေက ဘိလပ်မြေကို ဆာလောင်ကြ
မော်တော်ယာဉ်တွေက လောင်စာကို ဆာလောင်ကြ
သူတို့ရဲ့စိတ်ဓါတ်တွေကတော့ အိုင်အိုဒင်းဓါတ်ကို ဆာလောင်ကြ

ကြည့်စမ်းပါအုံး အမေရယ် …
ကျွန်တော့်ရဲ့
သွေးနဲ့ကိုယ် သားနဲ့ကိုယ် အမှန်တရားလေး
ဟောဟိုက မီးတိုင်အောက်မှာ
မြှုပ်ထားခဲ့ရတာ …
… ကြာပေါ့ …

ညတွေကလဲ
မာယာအဆင်းနဲ့ … လင်းလို့ …

ဒီလိုနဲ့ပဲ
ကျွန်တော်နဲ့ မြို့လေး
ရင်ချင်းအပ်ရင်း ဝေးခဲ့တယ် … …

တည်ညိမ်းကို




2 comments:

  1. သံချေးအလိမ်းလိမ်းနဲ့ လူတွေလေ
    နွေခေါင်ခေါင်မှာ ကိုပဲ
    မျက်နှာဖုံးတစ်ထောင်နဲ့ ရွေ့လျားကြ …
    ကဗျာလေးကောင်းတယ်ဗျာ

    ReplyDelete
  2. မှော်ရုံ မှာ ကဗျာ မှော်ပညာကို လာရှုစားတယ်ဗျို့ 

    ReplyDelete