Monday, February 11, 2008

အလင်းငွေ့

ရင်ခွင်ထဲလက်နဲ့
ဒီနေ့…
ကျွန်တော် နေ့ ကို
ဂရုတစိုက်ထွက်ခဲ့တယ် … …

မြေပြင်မှာလည်း
နေခြည်နုနုနဲ့တောင် မတည့်တဲ့
ပန်းတွေရှိတယ် … …

သူကတော့
ကြွေအိုရောင် နှင်းဆီတံတိုင်းမှာ
လိပ်ပြာနှင်ဖို့
မုတ်သုံကို စောင့်တယ် … …

ချစ်သူ …
စာတွေမသင်ပဲ ကဗျာတွေသင်ပါ …
ပြီးရင် … သင့်နှလုံးသားကို
ကျွန်တော့် ဥယျာဉ်မှာထားပါ … …

ယွန်းသဲ့မိုး

( “ ၀င်္က ကချေသည် ” မှ )


No comments:

Post a Comment