Sunday, February 3, 2008

မီးပန်း

မီးပန်း

နှင်းဆီကို ရိုကျိုးဖို့
ငါ့ကို
ဓားမိုးပြီး မပြောကြနဲ့ … …

မီးမျှားတစ်စင်းလို
လင်းလင်းချင်းချင်း ဖူးတဲ့
သူမ ရဲ့ဆူးတွေအတွက်
( ဒီတစ်သက် )
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး … …

နေရောင်ကို ညှို့သိမ်းတဲ့
အသဲရောင်ပွင့်ဖတ်တွေကို ထိန်းပါ …
ကောင်းမြတ်ခြင်းကို မွမ်းမံပါ …
နီလွင်ရှင်းတောက်ခြင်းကို ပေးပါ …
မွှေးမြမှုနဲ့
သင့်မာယာတို့ကို သတ်ပါ … …

အဝေးကကြားနိုင်တဲ့ ရနံ့ခြေသံတို့ရေ …
အဆိပ်တွေ တလူးလူးနဲ့တော့
ငါ့ မြို့ရိုးဆီ ခြေဦးမလှည့်နဲ့ …
ချစ်ဦးသူ အိပ်မက်ချိုမှာ
ဒီတစ်ဆောင်းလောက် ခိုအုံးမယ် … …

မသဲမကွဲ လင်းနေမယ့်အစား
စိတ်ချလက်ချ မှောင်ပစ်လိုက်
သိထားပါသလား … ?
တိမ်တိုက်ကို အနာတရဖြစ်အောင်
ဘယ်သူမှမလုပ်ကူနိုင်ဘူးဆိုတာ … …

မီးလိုအရောင် နဲ့
ကိုယ့်ဝတ်ဆံကိုယ် လောင်ကျွမ်းပြင်းပြ
မုတ်သုံလာရင်စစ်ခင်းမယ့် စံပယ်ရနံ့တို့
( အခုပဲ )
လွင်ပြင်တစ်ခုစာ
သင်းရှကြပြီ … … …

တည်ညိမ်းကို




1 comment:

  1. သိပ်တော့နားမလည်ဘူး.. ဒါပေမယ့် ထင်သလိုယူဆသွားတယ်.. ရတယ်မပာုတ်လား.. ဖတ်လို့တော့ ကောင်းတယ်ဗျာ..

    ReplyDelete