Monday, February 4, 2008

ရွာတစ်ရွာ


ရွာတစ်ရွာ


ငါ့ဘ၀ကိုက
ကဗျာနဲ့ မိုးထားတဲ့ အိမ် … …

မြေလွှာအစင်းစင်းကြွေလဲ
ဖြူလွှလွှ အခင်းလေး
အဲဒီ အိမ်လေးထဲမှာရှိတယ် … …

အစားအစာကျွေးစရာမလို
ငါပြန်လာရင် ကဗျာနဲ့ ကြိုတဲ့
ငှက်ကျားအိုလေးလဲ ရှိတယ် … …

ရနံ့ သတ်သတ်
အရသာ သတ်သတ် သစ်သီးများ
ဧည့်ခန်းထဲက စားပွဲပေါ်မှာ ရှိတယ် … …

သံစဉ်ချင်းတူပြီး
ငါကဗျာရွတ်ရင် မညူစူတဲ့
ပတ်ဝန်းကျင်မရှိဘူး … …

တစ်မိုးထဲအောက်မှာ
တစ်မျိုးထဲပေါက်မယ့်
သစ်ပင်တွေမရှိဘူး … …

ဒီပုတ်ထဲကဆိုပေမယ့်
ဒီပဲက မျက်စေ့လည်ပြီးရောက်လာတယ်ဆိုတာ
သိတဲ့လူမရှိဘူး … …

ပြီးတော့ …
ငါသေသွားတယ်ဆိုတာကိုလဲ
သိတဲ့လူ
မရှိခဲ့ပါဘူး … …

တည်ညိမ်းကို






5 comments:

  1. ကဗျာလေးကကောင်းတယ်အကိုရေ..

    ReplyDelete
  2. ရွာတစ်ရွာ...
    ဒီကဗျာလေး ကို ကြိုက်တယ်...
    ကောင်းပါ၏...
    ဆက်လက်အားပေးနေပါ၏...၊ :)

    ReplyDelete
  3. အကို့ ဆီဗုံးက မပေါ်လို့ ဒီမှာပဲ အော်သွားတယ် ... Big Bag new album လာရောက် ခံစား နိုင်ပါပြီ ...

    ReplyDelete
  4. ကဗျာရွာမှာနေချင်တယ်

    ReplyDelete
  5. ငါ့ဘ၀ကိုက
    ကဗျာနဲ့ မိုးထားတဲ့ အိမ် …

    ကဗျာလေးမိုက်တယ် ညီလေးရေ။

    ReplyDelete