Monday, February 11, 2008

ပျံသန်းခဲ့မှုရဲ့ မာတိကာ

ငါ့ မနက်ခင်းလေးပေါ့
အာရုံကို မြင်လိုဇောနဲ့
နောက်လိုက်တွေကို သော့မခတ်မိဘူး … …

မနေ့က ပုံပြင်တွေပြောတုန်းက
ငါ့အလံလေးကို
ကြိုးလျော့ ချထားခဲ့ရတယ် … …

မနက်ဖြန်ကိုသွားဖို့
လက်မှတ်တစ်ရွက်ကို
ရင်ဘတ်နဲ့ဆက်ပြီး ဖြတ်ခဲ့ရတယ် … …

မက်ဖြစ်ခဲ့တဲ့
အိပ်မက်ဝတ်ရည်တည်စ
ပန်းတစ်ပွင့်အကြောင်း
ရင်မှာ ရှေးဟောင်းနှောင်းဖြစ်တွေ ဖြစ်လို့ … …

အိပ်မက်တွေ လွယ်ခဲ့
ဒုက္ခတွေ စိုခဲ့
ရင်ဘတ်က လောင်ကျွမ်းလို့
ငတ်မပြေတဲ့ ခရီးကိုပဲ
လျှောက်နေမိသူ … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


1 comment:

  1. အစ်ကိုရေ ကဗျာလေးက ကောင်းတယ်ဗျာ။
    ခံစားသွားတယ်ဗျာ။

    ReplyDelete