Wednesday, February 20, 2008

လွမ်း

အပြာရောင် အိပ်မက်လေး ကတော့
မဟောင်းနွမ်းဘူး …

သူမ စိတ်ဆိုးရတာ အခါခါ
ကျွန်တော်ကလဲ
ဟောင်းမြဲ … ဟောင်းဆဲပဲ … …

အတွေးအခေါ်တွေ
မသစ်လွင်နိုင်တဲ့ အခါ
ဘ၀က …
ကိုယ့် အနံ … ကိုယ့်အလျားနဲ့ ကိုယ် …
ပိန်ပြီး ဟောင်းနွမ်းလို့ … …

အတွေးအခေါ် ရေသောက်မြစ်ကလဲ
အိမ်ကျို အိမ်ကြား
ကျက်စားလို့ … …

ချစ်သူရေ …
အလျားအနံ မသိတဲ့
ငါ့ရဲ့ ချစ်ခြင်းမေတ္တာ ကျန်းမာရေးချို့တဲ့မှုကို
ခွင့်လွှတ်တယ်လို့မယူဆပဲ
ခွင့်လွှတ်ပါ … …

ချစ်ခဲ့မိတာ သေချာပေမယ့်
ချစ်ခြင်းတရားကိုပြမယ့်
ငါ့ သီအိုရီတွေကို
စောင့်အုံမယ် … …

တည်ညိမ်းကို


4 comments:

  1. ကဗျာလေးကမိုက်တယ်.. ။

    ReplyDelete
  2. အားပါးပါး ကဗျာလေးက မိုက်နေကော့ပဲ

    ReplyDelete
  3. ချစ်သူရေ …
    အလျားအနံ မသိတဲ့
    ငါ့ရဲ့ ချစ်ခြင်းမေတ္တာ ကျန်းမာရေးချို့တဲ့မှုကို
    ခွင့်လွှတ်တယ်လို့မယူဆပဲ
    ခွင့်လွှတ်ပါ ..............
    ကြိုက်တယ်ဗျို့  ခံစားချက်နဲ့ တူနေလို့ ...ကြော်ငြာဝင်ကြည့်တာ..
    လေးစားပါတယ် ကဗျာဆ၇ာရေ့..(ငါးလျှော်ပါ )

    ReplyDelete
  4. အတွေးသစ်တွေ သူလေးကြောင့် အမြဲတက်ကြွနေပါစေ အကိုရေ...

    ReplyDelete