Thursday, February 7, 2008

စက်ရပ်သတင်း

ခွဲခွာမှုက ရင်ကိုတဆစ်ဆစ်
နေရာဒေသက မိုင်ပေါင်းထောင်ချီ
တဖက်နဲ့တဖက်
အမြင်မှား အဆင်မှား
ကိုယ့်ရင်မှာ အဖျားသွေးရှိလာပြီ … …

မင်းအကြောင်းပြန်ဆိုတေးက
စကားလုံးတွေအလွဲလွဲ
နှလုံးသားအတွက် ဓါတ်စာ
ဒီတစ်ခါ
တည့်တည့်လွဲတယ် … …

ရင်မှာ မင်းရစ်သမ်လေးထည့်ပြီး
စက္ကန့်တွေ စိမ်ထားဖြစ်ချင်တာ
ကိုယ်မျှော်လင့်တဲ့
မင်းရဲ့ စက်ရပ်သတင်းက
ရင်ကိုမှော်ဝင်ရမယ့်အစား
အဆွေးအမြေ့ တစ်ခုစာတောင်
အရိပ်မပေးခဲ့ …
ပြောရင်း …
ဒီဖက်မှာ …လေပူတွေ ဝေ့ခတ်လာပြန်ပြီ … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


1 comment: