Monday, February 11, 2008

တနယ်တကျေး

ချစ်သူရှိတဲ့ အရပ်ကို
ဆွေးဆွေးမြေ့မြေ့ ငေးကြည့်တော့
အလွမ်းတွေဝေနေတဲ့ လေထုထဲမှာ
နှလုံးသားတစ်ခုတွေ့တယ် …
နှင်းဆီရိုးတံလေးတစ်ခုတွေ့တယ် … …

ဒီလိုပဲ
ရင်ရိပ်နားမရှိတဲ့ မင်းအကြောင်းကွန်ပစ်တော့
အိပ်မက်အသေတွေရတယ် …
မကျက်တကျက်အနမ်းတွေရတယ် …
စုံတွဲသီချင်း တစ်ခြမ်းရတယ် …
အလွမ်းခန်းက မျက်ရည်မသုတ်ရပဲ
ခပ်လွယ်လွယ်ခြောက်ကပ်ခဲ့
နေ့ရက်ဆက်ခဲ့မှုနဲ့အတူ
တို့တတွေရဲ့ ဓါတ်အားပြတ်တောက်မှုက
သေချာလွန်းခဲ့ပြီ … …
မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


No comments:

Post a Comment