Friday, February 22, 2008

အမှတ်တရ

ဒီနေ့ကတော့ ကျွန်တော် အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ဖြစ်ပါတယ် … သူများတွေလို BD ကိတ်တွေနဲ့တော့ ဧည့်မခံတော့ပါဘူး … ကျွန်တော့် သူငယ်ချင်းရဲ့ ကဗျာလေးတစ်ပုဒ်ကို မျှဝေခံစားစေချင်ပါတယ် ... ချစ်ဦးသူဆိုတာ တစ်ဘ၀မှာတော့ သေရာပါမယ့် အမှတ်တစ်ခုပါပဲ …
သူငယ်ချင်းရေ …
… ဘ၀မှာ အောင်မြင်စွာရပ်တည်နိုင်ပါစေ …
… တောင့်တခြင်းကင်းပါစေ …
… တည်ငြိမ်အေးချမ်းပါစေ …
…. သာစေချင်သော လမင်းလေး အမြန်ဆုံးသာပါစေ …
နောက်ဆုံး …
….. ဘ၀မှာ … ကောင်းမြတ်ခြင်းတွေပဲ ပြီးပြည့်စုံပါစေ … ….

တည်ညိမ်းကို

လီဂန် ( Tale )

လသာတဲ့ ညက …
လမင်းကို မျက်ရည်တွေနဲ့ ကြည့်ဖြစ်တယ် ..
သူမ ကတော့ ဝေေ၀၀ါးဝါး တွေကြားက …
… လှ … လို့ …

ကလေးတစ်ယောက်ရဲ့ အိပ်မက်လိုမျိုး
ကျွန်တော်ကလဲ တမ်းတယ် …
ခုနှစ်စဉ်ကြယ်လဲ လှချင်လှလိမ့်မယ် …
ဓူုဝံကြယ်လဲ လှချင်လှလိမ့်မယ် ….
ပြီးတော့ …
သူမ ကတော့ လှတာ သေချာတယ် … …

ယောင်ယမ်းတမ်းတလို့
အိပ်မက်တံစက်မြိတ်အောက်ကမလွတ်တဲ့အခါ
ကျွန်တော်က
အခုထိ
ထမင်းဆီဆမ်း ရွှေလင်ပန်းကို မွတ်သိပ်တဲ့သူ …

ငိုနေတဲ့ မျက်ဝန်းတွေကို
ပွတ်သပ်ကြည့်ရင်းက
လမင်းဟာ ..
သူ့ကိုယ်သူ ခြုံလွှာတစ်စနဲ့ ကာတယ် … …


ကျွန်တော်ကတော့
အမှောင်တွေကို ကြောက်တဲ့သူ …

လေပြေညှင်း တွေတိုးသက်
ခြုံလွှာတွေ တလက်လက်နဲ့ ပြေကျ …
ကျွန်တော်ကလဲ
လ , အလင်းနဲ့ လှချင်သူ …. …

သန်းနိုင်စိုး


ကျွန်တော် ချစ်ရတဲ့ကောင်မလေးတယောက် ကိုခံစားပြီးဖွဲ့ဆိုထားတဲ့ ရင်မှလာသောစားသားဆိုရင် မငြင်းပါဘူး။ချစ်ရတယ်ဆိုတာထက် မြတ်နိုးရတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။ကဗျာဆိုတာ ရင်တွင်းကခံစားချက်ကို ဖွင့်ထုတ်ခံစားမှုလို့ ကျွန်တော်ယူဆတယ် ။ခံစားမှုဆိုတာကလည်းထပ်တူကျချင်မှကျမှာပါ။ခံစားချက်ခြင်းထပ်တူကျတဲ့ကဗျာဖတ် ပရိတ်သတ်တွေအတွတ် ကဗျာ ရသ တခုခုကိုပေးနိုင်မယ်ဆိုရင်…… ……

သန်းနိုင်စိုး








5 comments:

  1. မွေးနေ့ရှင်ကော ကဗျာဆရာပါ ပျော်ရွှင်ပါစေ...
    ကဗျာလေးတွေဝေမျှပေးတဲ့တွက်လဲ ဇူးဇူးပါ...

    ReplyDelete
  2. ကိုတည့်သယ်ရင်းဆိုတော့ကျွန်တော်သယ်ရင်းပဲပေါ့
    Happy Birthday ပါဗျာ :)

    ReplyDelete
  3. ကျွန်တော်လည်း ကူပြီး ဆုတောင်းပေးလိုက်တယ်ဗျာ. မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုတည်ငြိမ်းကိုရဲ့ သယ်ရင်းလေးရေ... :)

    ReplyDelete
  4. ကိုတည်ညိမ်း သူငယ်ချင်း မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ ကဗျာလေးက အရမ်းကောင်းတာပဲ။ အကိုလည်း ပျော်ရွှင်ပါစေ။

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete
  5. ကောင်းတယ်အစ်ကိုရေ။ ကဗျာလေးကို ကြိုက်တယ်ဗျာ။
    ပြောပေးပါဦးနော်။ ခံစားချက်ခြင်းတူနေသလားလို့။ :)

    ReplyDelete