Friday, January 18, 2008

ကန္တာရပုံပြင်

ကျွန်တော် ရေးနေကျ ပုံစံကို သွေဖယ်ထားတဲ့ကဗျာတစ်ပုဒ်ပါ …
စကားလုံးတွေကြတ်နေရင် ကျွန်တော်မကြိုက်ပါဘူး …
ဒီကဗျာလေးမှာတော့ ကျွန်တော်က အကြောင်းအရာကို အဓိကထားပါတယ် …
ခံစားဝေဖန်ပေးကြပါအုံး ခင်ဗျာ … …

ကန္တာရ ပုံပြင်

ဆယ်နှစ်ဆယ်မိုး စိမ်းမြလာလိုက်တာ
ကန္တာရ ပါလို့ပြောရင်
ဘယ်သူယုံမှာလဲ … …

ပူလင်းပြင်းရှမှုတွေ အကြား
အလျော်အစားများတဲ့ အဲဒီကန္တာရမှာ
ကုလားအုတ်က လူကို စီးတယ် … …

ဘာမှမပေးခဲ့ပေမယ့်
တစ်စုံတစ်ခု ရလိုက်သလိုမျိုး
ကန္တာရသူ ကန္တာရသားတွေ ကျေနပ်ကြ
နှစ်ချုပ်စာရင်း ကျမှ
သူတို့ အရင်းမကျေ မှန်း သိကြ ပေါ့ … …

သက်ပြင်းတွေ အစင်းစင်း ခြွေကြ …
တိတ်တခိုး တက်ခေါက်ကြ …
ကောင်းကင်ဘုံမှာ ပွဲတော်ရှိတဲ့ညက
ကန္တာရတော်လှန်ရေး ကို စ ကြတယ် … …

မီးခိုးလှိုင်းတွေလဲ မုန်တိုင်းလို မှိုင်းလို့ …
လူသံ၊ ကုလားအုတ်သံတွေလဲ ပြိုင်းရိုင်းလို့ …
ကံကြမ္မာကလဲ သူ့ရဲ့ စစ်မြင်းကို သ လို့ … …

ပူလင်းပြင်းရှမှုတွေ အကြား
အလျော်အစားများတဲ့ အဲဒီကန္တာရမှာ
အခုတော့ …
လူက ကုလားအုတ်ကို ပြန် စီးတယ် … …

တည်ညိမ်းကို

1 comment:

  1. ဘာမှမပေးခဲ့ပေမယ့်
    တစ်စုံတစ်ခု ရလိုက်သလိုမျိုး
    ကန္တာရသူ ကန္တာရသားတွေ ကျေနပ်ကြ
    နှစ်ချုပ်စာရင်း ကျမှ
    သူတို့ အရင်းမကျေ မှန်း သိကြ ပေါ့ …
    အကိုကြီးရေ ဒီအပိုဒ်ကိုတော့အကြိုက်ဆုံးပဲဗျို့ စာမေးပွဲတွေပြီးတော့မယ်ဗျ အတူတူ ဟဲကြရအောင်နော :) ပျော်ရွှင်ပါစေခင်ဗျာ :)

    ReplyDelete