Saturday, January 19, 2008

နတ်သမီးအိပ်ဆေး (၁)
ကျွန်တော်ပြောသော ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ် …
ကျွန်တော်၏ စိတ်ကူးသက်သက်များသာဖြစ်ပါတယ် …
စိတ်ကူးယဉ်ခဲ့ခြင်း အပေါ် နားလည်ခံစားပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ …
( အစ်မမွန်ရေ … စိတ်နှစ်တာများသွားလို့ အိပ်ဆေးက ကဗျာမဟုတ်ဘဲ ပုံပြင်ဖြစ်သွားတယ်ဗျာ … )

နတ်သမီးအိပ်ဆေး (၁)

တစ်ခါတုန်းက … …
နေရဲ့ အလင်းရောင် မရတဲ့ ရွာလေးတစ်ရွာရှိတယ် … တစ်နှစ်ပတ်လုံး နှင်းတွေဝေဆိုင်းနေလွန်းလို့ နေအလင်းရောင် ဆိုတာ ရွာသူရွာသား တွေအတွက်တော့ ဝေါဟာရတစ်ခုအရ သာ ကြားဖူးပြီး လက်တွေ့မမြင်ဖူးတဲ့ အရာတစ်ခုပါ … လ ရောင် လာတဲ့ အခါ ရွာသားတွေက အမဲလိုက်ကြ ၊
ရွာသူတွေက သစ်သီးဆွတ် ကြတယ် … လ ရောင်ပျောက်ကွယ် သွားတဲ့ အချိန်ဟာ ရွာသူရွာသားတွေအတွက်တော့ ဆောက်တည်ရာမဲ့ချိန်ပါပဲ … အအေးဒဏ်ခံနိုင်တဲ့လက်လုပ်တဲ လေးတွေထဲမှာပဲ ပုံးအောင်းအိပ်စက်ကြရတယ် … လရောင်ဟာ ကံကောင်းခြင်း တွေကို ယူဆောင်လာ သလို ၊ လရောင်ကို နှုတ်သိမ်းသွားတဲ့ အမှောင်ထုဟာလဲ မကောင်းဆိုးဝါးတွေကို ယူဆောင်လာ တယ်လို့ ရွာသူရွာသားတွေက ယုံကြည်ကြတယ် … ရွာသူရွာသားတွေအတွက် နောက်ထပ် ကံကောင်းခြင်းတစ်ခုလဲရှိတယ် …အဲဒါကတော့ အမဲလိုက်ကိရိယာတွေကို ကျွမ်းကျင်စွာ လုပ်ပေးနိုင်တဲ့ ပန်းပဲသမားလေးရှိနေခြင်းပါ … အမဲလိုက်ကိရိယာတွေကို သစ်သီးနဲ့လဲ ပါတယ် …
တောကောင်သားနဲ့လဲ ပါတယ် …
တစ်ခေတ်တစ်ခါကတော့ အဲဒီရွာလေးဟာ နေရောင် လ ရောင် စုံလင်စွာနဲ့ နေချင်စဖွယ် ရွာလေးပါ … နေရောင်ပျောက်ကွယ်သွားရခြင်းကြောင်းက ဒီလိုပါ …
ကမ္ဘာပေါ်ရှိရှိသမျှ မြို့ရွာ အားလုံးထက်စာရင် အဲဒီရွာလေးဟာ ကောင်းကင်ဘုံနဲ့အနီးဆုံး နေရာမှာရှိပါတယ် … “ အပိုလို ” နေနတ်သားနဲ့ သက်တံ့နတ်သမီး “ အိုင်းရစ် ” တို့မှာ သမီးလေးထွန်းကား လာတဲ့အခါ နတ်ဗိမ္မာန်တစ်ခု ပေါ်လာရပါတယ် … အဲဒီဗိမ္မာန် ကပဲ ရွာကလေးထံနေရောင်မရောက်အောင် ကာဆီးထားခဲ့တယ် … နတ်သမီးလေး ကတော့ ဒီအကြောင်းကို ယောင်လို့တောင် မတွေးမိခဲ့ဘူး … အလှနတ်ဘုရားမ “အဖရိုဒိုက်” ကိုတုနှိုင်းတဲ့အလှတွေနဲ့ ကြယ်သတို့သားများစွာခြံရံ ကာ နေခဲ့တယ် … အတိတ်ကံကြမ္မာဝဋ်ကြွေးဆိုတာ နတ်သမီးလဲမရပါဘူး … နှစ်ပေါင်း ၃၀၀ သာ စံစားရမယ့် ဇာတာတစ်ခု နတ်သမီးလေးမှာ ပါလာ ခဲ့တယ် …
အခုဆို နှစ်ပေါင်း ၂၅၀ ကုန်လွန်ခဲ့ပြီးပါပြီ …


… … ဆက်လက်ရေးသားပါမည် …. ….

No comments:

Post a Comment