Monday, January 21, 2008

နတ်သမီး အိပ်ဆေး ( ၂ )




နတ်သမီး အိပ်ဆေး ( ၂ )

မဝေးတော့တဲ့ နှစ် ၅၀ အတွက် နတ်သမီးလေးမှာ စိတ်မကောင်းဖြစ်ရရုံ ကလွဲရင် ဘာမှမတတ်နိုင်ပါဘူး … အဲဒီနှစ်ပေါင်း ၅၀ ကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်ဖို့ နတ်သမီးလေးစဉ်းစားရပါတော့တယ် … နတ်မင်းကြီး ဇု ထံသွား ပြီး သူမ ဘာလုပ်သင့်သလဲဆိုတာမေးမြန်းတိုင်ပင်ပါတယ် … ဇု ကတော့ မွန်မြတ်ရာအလုပ်တစ်ခု ကို စိတ်ထားသန့်သန့်နဲ့ လုပ်ဖို့ပဲ အကြံပေးပါတယ် … နတ်သမီးလေးရဲ့ဘ၀တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပတ်ဝန်းကျင် နဲ့ ကမ္ဘာလောကကြီးကို အာရုံဖြန့်ကျက်ခံစားပါတော့တယ် … သူမရဲ့ ဗိမ္မာန်ကြောင့် ဒုက္ခရောက်နေရ တဲ့ ရွာလေးကို အရင်ဆုံး သိရပါ့တယ် … နှစ်ပေါင်း ၂၅၀ လုံးလုံး သူမကတော့ အပျော်တွေထဲ မှာစိမ့်ဝင်နေခဲ့သမျှ ၊ သူမကြောင့် ဒုက္ခများစွာခံစားနေရတဲ့ ရွာသူရွာသားတွေအတွက် ရင်နင့်အောင် ခံစားခဲ့ရပါတယ် … ရွာလေးအတွက် တစ်ခုခုပြန်လည်ပေးဆပ်ဖို့ နတ်သမီးလေးဆုံးဖြတ်လိုက်ပါတယ် …
ကြယ်ကြွေတစ်စင်းနဲ့အတူ ရွာလေးဆီကို နတ်သမီးလေး ရောက်ရှိလာပါတော့တယ် …
ရွာသူရွာသားတွေအတွက်တော့ ပထမဆုံးမြင်ဖူးတဲ့ အလင်းရောင်ပါပဲ …
သဲကြီးမဲကြီးကျဆင်းနေတဲ့နှင်းတွေအကြား အဖြူရောင်ခြုံလွှာပါးနဲ့နတ်သမီးလေးဟာ ဘ၀ရဲ့ ပထမဆုံးဆင်းရဲဒုက္ခကိုစတင်ခံစားနေရပါတော့တယ် … သက်တမ်းကုန်ချိန်နီးလေလေ စွမ်းအားတွေကျဆင်းဆင်းလေလေ မို့ ရွာလေးကို ခြေချမိတဲ့တခဏမှာပဲ နတ်သမီးလေး မူးမေ့လဲကျသွားပါလေရော … လရောင်ဖြာတဲ့ည … နတ်သမီးလေး လန့်နိုး လာချိန်မှာ …
မွှေးမြသော အသားကင် ၊ လတ်ဆတ်သောသစ်သီးများ ၊ တည်ငြိမ်သော လူရွယ်တစ်ဦး တို့
နတ်သမီးလေး အနားမှာ ရှိနေကြပါတယ် …သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာလဲ နွေးထွေးလှတဲ့ ၀တ်ကောင်းစားလှတွေနဲ့ပေါ့ … …

… … ဆက်လက်ရေးသားပါမည် … …

No comments:

Post a Comment