Tuesday, January 15, 2008

ခရီး

ခရီး

ကောင်းကင်ကို မော့မော့ကြည့်ရင်း
ကြီးပြင်းလာလိုက်တာ ... ...

အရာရာကို ဆုတ်ကိုင်လိုက် ...
တစ်ခုမှမကျန်အောင် လွတ်ကျသွားလိုက် ...

ဘ၀ကိုတိုင်းတဲ့ပေတံရှိသတဲ့ ...
အမှန်တရားကိုတိုင်းဖို့မေ့လျော့ခဲ့ကြ
သူတို့တစ်ဘ၀စာ ... ...

အဝေးကကြားနိုင်တဲ့အသံတွေ ...
ရွှေမှုန်ကြဲသော အိပ်မက် ...
ပြင်းပြစွာ တပ်မက်မှုများ ...

တစ်နေရာရာမှာတော့
မုန်တိုင်းတွေစဲလိမ့်မယ် ...

မီးအိမ်တစ်လုံးလို
ကိုယ့်ကိုယ်ကို ထွန်းညှိ
မုတ်သုံလာလာ မလာလာ ရွက်လွှင့်မယ်
လူပြောများတဲ့ အဲဒီပင်လယ်ထဲမှာ ... ...

တည်ညိမ်းကို

No comments:

Post a Comment