Saturday, January 19, 2008

ပိုး

ပိုး

မိစ္ဆာတွေကြီးစိုးရာ အရပ်မှာ
အလင်းတို့ ခိုး ခိုး ပြီး တံခွန်ထူကြ … …

မှုန်ရီစွာ သင်းမြဖို့
ပန်းပွင့် ကို တူးဆွခဲ့ သလား …
မသေချာမှုကတော့
မနက်ဖြန် အပေါ်ကို
မနက်ဖြန် လဲကျစေခဲ့တယ် … …

ကောင်းမွန်စွာ ထုပ်ပိုးထားပါကွယ် …
လမ်းမရွေးတဲ့ ငါ့ခြေထောက်တွေက
တောင်တန်းကိုလဲ ဖောက်ချင်တယ် … …

ကောက်ကြောင်းတွေတူတဲ့အခါ …
ဘ၀ဟာ …
အစကို ပြန်ပြန် ရောက်လာပြီး …
ညနေက …
ကမ္ဘာကို ကြိုဆိုချင်လာတယ် … …

ငါ နဲ့ ငါ့အရိပ်လေးကတော့ …
ချပ်ဝတ်တန်ဆာတွေ ပြင်သ …
အဲဒီခဏမှာပဲ …
ဟိုးအဝေးက …
စစ်မောင်းသံကို ကြားရတယ် … …

တည်ညိမ်းကို

3 comments:

  1. အဲဒီပိုးကမလွယ်

    ReplyDelete
  2. ကောက်ကြောင်းတွေတူတဲ့အခါ …
    ဘ၀ဟာ …
    အစကို ပြန်ပြန် ရောက်လာပြီး …
    ညနေက …
    ကမ္ဘာကို ကြိုဆိုချင်လာတယ် … …

    ကောင်းလိုက်တဲ့စာသားဗျာ.

    ရင်ဘတ်ထဲကို နေရာလာယူသွားတယ်. Vanancy ရှိနေလို့တဲ့ဗျ.

    :)

    အားပေးနေမယ်. ကိုတည်ငြိမ်းကိုရေ. ဆက်ရေးပါ. ကျွန်တော့်ဆီလာလည်တဲ့အတွက်လည်း ကျေးဇူးပါဗျာ.

    အောင်မြင်သော ဘလော့ဂါ စာရေးဆရာ တစ်ယောက်ဖြစ်ပါစေဗျားးးး

    ခင်မင်လေးစားလျက်

    ရန်အောင်

    ReplyDelete
  3. ကိုတည်ငြိမ်းကိုရဲ့
    ကဗျာလေးတွေကို
    လာခံစားသွားတယ်နော်
    ရင်ဘတ်ထဲက လာတဲ့စာသားတွေကို
    ရင်ဘတ်ထဲက အနုပညာဆိုတဲ့
    မျက်ဝန်းတစ်စုံနဲ့ မြင်အောင်ကြည့်သွားခဲ့တယ်နော်

    ReplyDelete