Wednesday, January 30, 2008

ရင်ကွဲသီး

ရင်ကွဲသီး

ငါဟာ …
လတ်လတ်ဆတ်ဆတ် ပစ်ချခံခဲ့ရတဲ့
မင်းကိုက်လက်စ သစ်သီးတစ်လုံး ဖြစ်တယ် … …

ဒါနဲ့များတောင်
လက်တစ်ဖက်ကမ်းရုံနဲ့
ဘ၀တစ်ခုလုံး ပုံပေးလိုက်တဲ့အထိ
ရဲရင့်နေချင်သေးရဲ့ ... …

အပြစ်မတင်ရက်ပါဘူးကွယ်
သုညတစ်လုံးဟာ
မင်းဘ၀ကို
ဘယ်လောက်များ မိုးအုပ်ပေးနိုင်မှာတဲ့လဲ … …

အမြဲတမ်းအိပ်မက်ပေးမယ့်
တစ်ခါက တယော ကကြိုးတွေသယ်ရင်း
စံပယ်ရုံ မိုးအစပ်မှာပဲ
ဖြူစင်စွာနွမ်းညစ်တော့မယ် …
ထားရစ်ခဲ့ ကောင်မလေးရယ် …
….. ကောင်း …. သော ….. ည ….. ပါ …… ကွယ့် ….. ………..

တည်ညိမ်းကို


No comments:

Post a Comment