Friday, January 25, 2008

အိပ်တန်းပြန်

အိပ်တန်းပြန်

အတိတ်က ဘ၀ကို မေ့ခဲ့ …
ဘ၀က ငါ့ကို မေ့ခဲ့ …
နောက်တော့ ငါလဲ …
ကိုယ့်ကိုယ်ကို မေ့ခဲ့ …
ထားလိုက်ပါတော့ကွယ် … …

သေရာပါမယ့် အရှုံးနဲ့
ဘေဘီလုံရွက်ဖျင်တဲတစ်လုံးမှာ
ကောင်းကင်ဖဲကြိုးတဆုံး
ခုထိ… ငါ …
ပွင့်ဖတ်တစ်ခုစာ
အသက်ရှူနေတုန်း … …

ဒီလိုနဲ့ … မုတ်သုံတို့နိုးပြီ …
ငါလဲ …
သနပ်ခါးနံ့သင်းတဲ့ ညနေခင်းကို ဖွင့်ချင်ပြီ … …

ချစ်သူရေ …
ကိုယ့်မာနကိုယ် သတ်လို့ကြိုနေကွဲ့ …
လိမ္မော်ရောင်တွေ မလင်းတလင်းမှာ
အာရုဏ်ကျင်းငှက်တို့နဲ့အတူ
အတောင်ပံဖြန့်ရင်းဝင်ခဲ့မယ် … … …

တည်ညိမ်းကို

No comments:

Post a Comment