Saturday, January 19, 2008


Olympians ၁၂ ပါး ( Monsiau ဆိုတဲ့ ရာဇ၀င်ပန်းချီဆရာတစ်ယောက်က ၁၈ ရာစုနှစ်ကဆွဲခဲ့ပါတယ် )

ဂရိ နတ်ဘုရားများ (၁)

“ နတ်သမီးအိပ်ဆေး ” ပုံပြင်လေးကို ရေးနေရင်း ဒီဆောင်းပါးလေးကို ရေးချင်လာပါတယ် …
ဆက်စပ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိတာလဲ ပါပါတယ် …
ကျွန်တော် ငယ်ငယ်က ရင်းနှီးခဲ့ရတဲ့ ကဗျာတွေ ၊ ၀တ္တုတွေမှာ ဂရိနတ်ဘုရားအမည် တွေ တစ်ခါတစ်ခါ ပါလာတတ် ပါတယ် … အဲဒီကတည်းက သိချင်စိတ်နဲ့ ရှာဖွေစုဆောင်းထားတာလေးတွေကို ဆောင်းပါးတစ်ခုအဖြစ် ရေးသားလိုက်ရခြင်းပါ …

ဂရိနတ်ဘုရားများ (၁)

ဒဏ္ဍာရီ ဗေဒ (Mythology) အရ ယခုလက်ရှိ နတ်ဘုရားများ (Gods) ၊ နတ်ဘုရားမများ (Goddesses) ဟာ စွမ်းအားထက်မြက်လွန်းလှသော နတ်ဘုရားများ (Titans) ရဲ့ သြဇာအရှိန်အ၀ါ မှေးမှိန်မှုအရ ပေါ် ပေါက်လာရပါတယ် …ယခုလက်ရှိ နတ်ဘုရားများကို အိုလံပီယာ ၁၂ ပါး ( Twelve Olympians ) လို့ခေါ်ပါတယ် …
Titans မှာလဲ ၁၂ ပါးပဲရှိကြောင်း တွေ့ရပါတယ် … Titans တွေနဲ့
Olympians တွေရဲ့ ကွာခြားချက်ကတော့ Titans တွေမှာ တူညီတဲ့ သဘာဝလွန် စွမ်းအား (Supernatural Power) တွေရှိကြပြီး Olympians တွေကတော့ သတ်မှတ်ပေးထားခံရတဲ့နယ်ပယ်စွမ်းအားတွေပဲ ရှိပါတယ် … ဥပမာ - အချစ်နတ်ဘုရားမ ဟာ အချစ်နဲ့ ပတ်သက်သမျှပဲ စွမ်းဆောင်ပေးနိုင်သလို ၊ စစ်နတ်သားဟာလဲ စစ်နဲ့ပတ်သက်သမျှကိုပဲ စွမ်းဆောင်နိုင်ပါတယ် …
ကျွန်တော်ကတော့ Olympians တွေအကြောင်းကိုပဲ ပြောပါမယ် …
Olympians တွေဟာ ဇု (Zeus) နတ်မင်းကြီးရဲ့ မျက်စိအောက်က အိုလံပတ်စ် တောင်ထိပ် (Mount Olympus) မှာစံစားကြပါတယ် …

… … ဆက်လက်ရေးသားပါမည် … …

No comments:

Post a Comment