Wednesday, January 23, 2008

နတ်သမီးအိပ်ဆေး ( ၄ )
ကျွန်တော့်ရဲ့ နတ်သမီးအိပ်ဆေး ပုံပြင်လေး မနက်ဖြန်မှာ အဆုံးသတ်ပါမယ် ….

နတ်သမီးအိပ်ဆေး ( ၄ )

ပြန်မချစ်ပဲ နေနိုင် သလား ?... ဒီမေးခွန်းဟာ သူမအတွက်မဟုတ်တော့တာ ကြာခဲ့ပါပြီ … ပန်းပဲသမားလေးရဲ့ ရင်ခွင်ထဲမှာ မေ့မျောသွားကတည်းက သူမရဲ့ အချစ်တွေစတင်ခဲ့တယ်ထင်ပါတယ် … ရွေးချယ်စရာလမ်းမရှိတော့တဲ့ နောက်မှာတော့ … သူမရဲ့ ဘ၀ကို အမှန်အတိုင်း ပန်းပဲသမားလေးကိုပြောပြလိုက်ဖို့ နတ်သမီးလေးဆုံးဖြတ်လိုက်ပါတယ် … အကြောင်းစုံကိုသိသွားတဲ့အခါ နှစ်ပေါင်း ၂၅၀ လုံးလုံး ရွာလေးကို ဒုက္ခပေးခဲ့တဲ့ သူမကို ပန်းပဲသမားလေးမုန်းသွားလိမ့်မယ်လို့လဲ သူမယုံကြည်ထားပါတယ် … ဒါဟာ ပန်းပဲသမားလေးရဲ့ ချစ်ရသူနဲ့ကွေကွင်းခြင်းဒုက္ခကို ကယ်တင်ပေးနိုင်လိမ့်မယ် လို့လဲ ထပ်မံ ယုံကြည် ထားပါတယ် …
နောက်တစ်နေ့ မနက်စာစားကြတော့ အကြောင်းစုံကို နတ်သမီးလေးက ပြောပြလိုက်ပါတော့တယ် … အဲဒီအချိန်ကစပြီး ၃ ရက်လုံးလုံး ပန်းပဲသမားလေးက နတ်သမီးလေးကို စကားမပြောတော့ပါဘူး … ပန်းသီးပင်လေးအောက်မှာ ညစဉ်ညတိုင်း ငိုရခြင်းဟာ နတ်သမီးလေးအတွက်တော့ အကျင့်တစ်ခုလိုဖြစ်နေပါတော့တယ် … နတ်သမီးလေးမအိပ်ခဲ့တာလဲ ၃ ရက်လုံးလုံးပါပဲ …
၎ ရက် မြောက်နေ့မှာ နတ်သမီးလေး တဲအိမ်လေးထဲ ပြန်ရောက်လာတော့ မွှေးမြသော အသားကင် ၊ လတ်ဆတ်သောသစ်သီးများ … အရာရာဟာ ရွာကလေးကို သူမ စရောက်လာခါစက ပထမဆုံးစားသောက်ခဲ့ရတဲ့ မနက်စာအတိုင်းပါပဲ … ထူးခြားလာတာလေးတွေကတော့ … ဒိန်ခဲ ၊ ၀ိုင်အရက် ၊ စားပွဲအလယ်က ပန်းခြင်းလေး နဲ့ စားပွဲထိပ်မှာ သူမကို အပြုံးနဲ့ ဆီးကြိုနေတဲ့ ပန်းပဲသမားလေး တို့ပါပဲ … သူမအတွက်ကတော့ အံ့သြပြီးရင်း အံ့သြရင်းပါပဲ … သူမအတွက် လှိုက်မောဖွယ်ရာတစ်ခုကတော့ နွေးထွေးတဲ့ ကြည်နူးခြင်းတွေ ရင်ဘတ်ထဲကို တိုးတိုးပြီးဝင်ရောက် နေခြင်းပါ … ပန်းပဲသမားလေးက သူမရဲ့လက်ကိုဆွဲပြီး သူ့ရဲ့ နံဘေးမှာ ထိုင်ခိုင်းပါတယ် … ပြီးတော့ တောက်ပလွန်းတဲ့ အနမ်းတစ်ခုကို နတ်သမီးလေးရဲ့ပါးမှာ စိုက်ပျိုးပေးပါတယ် … နတ်သမီးလေးရဲ့ အချစ်ကို ထင်ရှားပေါ်လွင်လာစေချင်လို့ ၃ ရက်လုံးလုံး လစ်လျူရှုခဲ့တဲ့အကြောင်း ၊ ဒါပေမယ့် စောင့်ကြည့်နေခဲ့တဲ့အကြောင်း တွေပြောပြရင်း … သူတို့ရဲ့ နံနက်စာစားပွဲလေးဟာ ချစ်ခြင်းတွေနဲ့ ထုံမွှန်းနေခဲ့တော့တယ် …

… … ဆက်လက်ရေးသားပါမည် … …

No comments:

Post a Comment