Saturday, January 19, 2008

ဂရိနတ်ဘုရားများ (၂)

ဂရိနတ်ဘုရားများ (၂)

Olympians ၁၂ ပါးကတော့ …
(၁) Hestia - နတ်ဘုရားမ ဖြစ်ပါတယ် ...အခြားအမည်တွေက Demeter နဲ့ Dionysus ဖြစ်ပါတယ် ... ရောမလို Vesta လို့ ခေါ်ပါတယ် ... Olympians ၁၂ ပါးထဲမှာ ပထမဆုံး မွေးဖွားလာသူပါ ...ဂရိတွေကတော့ အိမ်စောင့်နတ် အဖြစ် ၊ ကျန်းမာရေးနှင့်ဆိုင်သော နတ်ဘုရားမအဖြစ် သူမကို ယုံကြည်ကြပါတယ် ...

(၂) Hades - တမလွန်လောကရဲ့ နတ်ဘုရားပါ ...သေမင်းတော့မဟုတ်ပါဘူး ...

(၃) Apollo – Titans နတ်ဘုရား Coeus ရဲ့ သမီးဖြစ်သူ Leto ( Latona ) နဲ့ Olympian နတ်မင်းကြီး Zeus တို့မှ မွေးဖွားလာပါတယ် ... Apollo ရဲ့ အမွှာညီမကတော့ ယခုထိ အပျိုစင် နတ်ဘုရားမလေး ၊ ကလေးမွေးဖွားခြင်းကိုစောင့်ရှောက် တဲ့ Artemis ( Diana ) ဖြစ်ပါတယ် ... Apollo ရဲ့ သားကတော့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ Asdepius ဖြစ်ပါတယ် ... Apollo ဟာ နေနတ်ဘုရား ၊ အမှန်တရား နှင့် ဂီတ ကို စောင့်ရှောက်သောနတ်ဘုရားအဖြစ် ထင်ရှားပါတယ် ...

(၄) Ares - စစ်နတ်ဘုရားဖြစ်ပါတယ် ...ဂရိတွေကတော့ သူ့အကြောင်း ဒဏ္ဍာရီတွေရဲ့နဲ့အတူ သူ့ကို ယုံကြည်မှု သိပ်မရှိကြပါဘူး ... သူ့အစား စစ်နတ်ဘုရားအဖြစ် Athena ကိုသာ ယုံကြည်ကိုးစားကြပါတယ် ... အမှန်တကယ်တော့ Athena ဟာ Ares ရဲ့ ၀ိဥာဉ် ကိန်းဝပ်သူသာဖြစ်ပါတယ် ...

(၅) Hermes -ကံကောင်းခြင်းတွေကိုသာယူဆောင်လာတတ်တဲ့နတ်ဘုရားအဖြစ်ယုံကြည်ကြပါတယ် ... နတ်မင်းကြီး Zeus ရဲ့ တမန်တော်လဲဖြစ်ပါတယ် ...

... ...ဆက်လက်ရေးသားပါမည် ... ...

No comments:

Post a Comment