Tuesday, January 15, 2008

အနီရောင်

အနီရောင်

တစ်စတစ်စ ပြင်းရှလာလိုက်တာ
မီးခိုးလုံးလုံးဖြစ်တော့မှ
ကိုယ်ကိုယ်တိုင်လောင်ကျွမ်းနေမှန်းသိခဲ့ရ … …

မီးတောက်ဟာ
သူမ,လို စူးရှပေမယ့်
သူမ,ကတော့
မီးတောက်လို
မပြင်းပြပြန်ဘူး … …

ဝေးပြီပြောရုံနဲ့
နှလုံးသားကို ထုပ်သိမ်းခဲ့
ကဗျာတွေကိုလဲ စိတ်နာတတ်ခဲ့ပြီ … …

လာလမ်းအတိုင်းမပြန်ခင်
လွမ်းခွင့်တွေရောရှိရဲ့လား … …
ရထားတကာဆိုက်တဲ့ဘူတာရုံကတော့
( တစ်ယောက်ထဲ )
မနိုင်ဝန်ထမ်းနေခဲ့ရပေါ့ … … …

တည်ညိမ်းကို

No comments:

Post a Comment