Saturday, January 19, 2008

ဂရိနတ်ဘုရားများ (၃)

ဂရိနတ်ဘုရားများ (၃)

(၆) Hephaestus - မီးတောင်ကိုစောင့်သော ၊ ပန်းပဲပညာကို စောင့်ရှောက်သော နတ်ဘုရားဖြစ်ပါတယ် … အလှ နဲ့ အချစ် နတ်ဘုရားမ Aphrodite ( ရောမ အခေါ် Venus ) ရဲ့ ခင်ပွန်းဖြစ်ပါတယ် …

(၇) Poseidon - အမည်များစွာရှိတဲ့ ထူးခြားသောနတ်ဘုရားဖြစ်ပါတယ် … အထင်ရှားဆုံးကတော့ ပင်လယ်ကိုစောင့်ရှောက်သော နတ်ဘုရားဖြစ်ပါတယ် … Zeus နဲ့ ညီအစ်ကို ဖြစ်ပြီး စောင့်ရှောက်လွှမ်းမိုးဖို့ နယ်ပယ်ခွဲဝေရာမှာ Zeus ကကောင်းကင်ကို တာဝန်ယူပြီး Poseidon ကတော့ ပင်လယ်ကိုတာဝန်ယူခဲ့တာပါ … သူဟာ အသက်အငယ်ဆုံး Titan နတ်ဘုရား Cronus နဲ့ နတ်ဘုရားများရဲ့ မိခင်လို့ ဂရိတွေသတ်မှတ်ကြတဲ့ Rhea နတ်ဘုရားမ တို့ရဲ့ သားဖြစ်ပါတယ် …

(၈) Zeus - နတ်ဘုရားများ၏ ဖခင်ဖြစ်ပါတယ် … ဂရိတွေကတော့ ယောင်္ကျားများရဲ့ဖခင်အဖြစ်ယုံကြည်ကြပါတယ် … ကောင်းကင်ကိုအစိုးရသောနတ်ဘုရားဖြစ်ပါတယ် … Olympus တောင်ရဲ့ အရှင်သခင်လဲဖြစ်ပါတယ် … ဂရိ ဒဏ္ဍာရီလာ သူရဲကောင်းများရဲ့ ဖန်တီးရှင်အဖြစ်လဲ ယုံကြည်ကြပါတယ် …

(၉) Aphrodite - အလှတရား နဲ့ အချစ်နတ်ဘုရားမဖြစ်ပါတယ် … သူမဟာ ရှိရှိသမျှ နတ်ဘုရားမ များထဲမှာ အလှဆုံးဖြစ်ပေမယ့် ရုပ်အဆိုးဆုံး နတ်ဘုရား Hephaestus ကို လက်ထပ်ခဲ့ပါတယ် …

(၁၀) Athena - အမျိုးသားများ ရဲ့ နတ်ဘုရားမဖြစ်ပါတယ် … တကယ်တမ်းပြောရရင် သူမရဲ့ စောင့်ရှောက်မှုနယ်ပယ် သီသန့်မရှိပေမယ့် အမျိုးသားများကို အထူး အခွင့်အရေးတွေပေးတတ်တဲ့ အတွက် ဂရိများက အမျိုးသားများရဲ့ နတ်ဘုရားမအဖြစ် ယုံကြည်ကြပါတယ် …

… … ဆက်လက်ရေးသားပါမည် … …

1 comment:

  1. နောင်တော်ရေ ဂရိနတ်ဘုရားတွေအကြောင်းကို တစ်စုတစ်စည်းတည်း ပြန်လည်တင်ပြပေးနိုင်ရင် တင်ပြစေလိုပါတယ် ဒါပြင် နတ်ဘုရား အမည်နာမတွေကို အနီစပ်ဆုံး မြန်မာလို ရေးပေးလို့ရရင်လည်းရေးပေးစေချင်ပါတယ်
    တစ်ချို့သော နာမည်များမှာ (ကျွန်တော့အနေနှင့်) အသံထွက်ရတာ အခက်အခဲလေးတွေရှိလို့ပါ တစ်ကယ်လို့သာအဆင်ပြေမယ်ဆိုရင် ကျွန်တော့ မေးလ် ထဲကို ပို့လို့ရရင် ပို့ပေးစေချင်ပါတယ် လိပ်စာကတော့ demon.aunglay@gmail.com ပါ ကျွန်တော်က ဂရိနတ်ဘုရားတွေအကြောင်းကို စိတ်ဝင်စားသူတစ်ယောက်ပါ... ကူညီနိုင်ရင်တော့ ကူညီပေးပါလို့.....

    ReplyDelete