Tuesday, January 15, 2008

သံချေးတက်ခြင်း

သံချေးတက်ခြင်း

နောက်ဆုတ်လိုက်ရတဲ့ခြေတစ်လှမ်းမှာ
လွမ်းဖျားလွမ်းနာပါတယ် … …
အခါခါတမ်းတရမယ့် ဝေဒနာပါတယ် … …
မျှော်လင့်ချက်အသေတစ်ခုပါတယ် … …

တစ်ဘ၀ကို နှစ်ခါသေခိုင်းရက်ခဲ့ … …

တစ်နေ့တစ်လံသွားလဲ
ငါ့အတွက်တော့ ပုဂံကရွေ့ခဲ့ပြီ … …

ချစ်ခြင်းမေတ္တာမှာ
အမှားအမှန်သိခြင်း ရှိရဲ့လား
ဒီလိုနဲ့ပဲ
ကျောခြင်းကပ်ရင်းဝေးခဲ့ပေါ့ … …

ကောင်မလေးရေ … …
ငါဆိုတဲ့ကောင်ကတော့
အလင်းတွေပဲ သယ်ခဲ့တာပါ …
ကိုယ့်အလင်းနဲ့ကိုယ် ပြန်ပြန်မှောင်ရင်း
ဘ၀မှာ ပထမဆုံးအကြိမ်
မီးကို စတင်တွေ့ရှိခဲ့တယ် … …

တည်ညိမ်းကို



No comments:

Post a Comment