Thursday, January 17, 2008

မှော်

မှော်

ခရမ်းပြာ တိမ်ခိုး
အက်ဆစ်မိုးတို့ ညိုကြပြီ … …

ခြေဗလာ အတွက်တော့
လမ်းတိုင်းက ဆူးခင်း …
မျှော်လင့်ရင်း အဆိပ်သင့် …
အံကြိတ်ခြင်းအကျင့်လဲ ရခဲ့တယ် …

ကံဆိုးလှတယ်ရယ်တော့မဟုတ်ပါဘူး …
မမှောင်ခင်အထိတော့
ငါတို့ဘ၀တွေ မွှေးမြခဲ့ပါရဲ့ … …

ကောင်းမြတ်ခြင်းတွေ အရောင်ပြောင်းတဲ့အခါ …
ငါ့အတောင်ပံတွေ မိုးစိုတဲ့အခါ …
ဘ၀ဟာ …
ကိုယ့်အရိပ်ကိုယ် ၀ှက်ရ …
အိပ်ကပ်ထဲက “သုည” လေးကို ကာကွယ်ရ … …

ကွာကျဖို့သင့်ပါပြီ မျက်နှာဖုံးတွေရယ် … …

ဒီတစ်ခါ …
စီးလာတဲ့သင်္ဘောလေး ကမ်းကပ်ရင်…
ရွှေအိုရောင်တွေ လင်းပြ
ကြယ်တစ်ရာ လဲ မခြံရံ ကြနဲ့ …
ငါ့အိပ်မက်ရဲ့ ဈာပန ကို
ငါ့ဖာသာပဲ ချချင်တယ် … …

တည်ညိမ်းကို

3 comments:

  1. အကိုကြီးရေ ဦးဦးဖျားဖျား ကွန့်မန့်ဆွဲသွားတယ်ဗျို့။ ကျွန်တော့်အတွက် နောက်ထပ်အွန်လိုင်းကဗျာစာအုပ်တစ်အုပ်ရသလိုပါပဲဗျာ။
    မှော်ကို တအားကြိုက်တယ်။" ဘ၀ဟာ …
    ကိုယ့်အရိပ်ကိုယ် ၀ှက်ရ …
    အိပ်ကပ်ထဲက “သုည” လေးကို ကာကွယ်ရ .."
    နောက်ထပ် ကဗျာများကိုလည်း စောင့်မျှော်နေပါကြောင်း..ပျော်ရွှင်ပါစေ :)

    ReplyDelete
  2. ကိုတည်ကြီး မိုက်တယ်ဗျာ။ အရမ်းကောင်း။ နက်မရလို့ နောက်ကျသွားတယ်။

    ReplyDelete
  3. ကဗျာလေးကောင်းတယ်ဗျာ။

    ReplyDelete