Wednesday, January 23, 2008

ပြာသိုလပြည့် ( အမေနေ့) က ကျွန်တော့် မေမေနဲ့ ဖုန်းပြောဖြစ်ပါတယ် … စိတ်ထဲမှာ ဘာဖြစ်သွားတယ်ရယ်တော့မသိဘူး…မေမေ့ဆီက ကဗျာလေးတစ်ပုဒ်တောင်းမိပါတယ်… ဦးဘုန်းနိုင်ရဲ့ တပည့်ဖြစ်တဲ့ ကျွန်တော့်မေမေ ချက်ချင်းရေးပေးလိုက်တဲ့ကဗျာလေးကို အမှတ်တရ အဖြစ်တင်လိုက်တာပါ … အမေဆိုတာ ကျွန်တော်တို့အတွက်တော့ ဘယ်မှာမှ ရှာမတွေ့နိုင်တဲ့ သစ်ရိပ်တစ်ခုပါပဲ … ….

အမေ့သား

မေမေရဲ့သား
တိုင်းတစ်ပါးမှာ
ကျန်းမာပါရဲ့လား

မေမေ့စကား
သားထံကြား
ရွှင်လန်းပါစေသား

မေမေ့ မေတ္တာ
ပို့သကာ
သားလေးရွှင်ကျန်းမာ

မေမေ့အားထား
မြန်ပြည်သား
ခွန်အားပြည့်စေသား

ချစ်မေမေ

3 comments:

  1. အန်တီက ကဗျာဆရာကို မွေးထုတ်ထားတာပဲ ဒီလောက်တော့ အပျော့ပေါ့နော်။ ဒါနဲ့ အကိုရေ ကျွန်တော့်ရဲ့ သဲသဲလေးရော နေကောင်းရဲ့လား။ မေးလိုက်သေးလား။ သဲသဲကို လွမ်းနေတယ်လို့ ပြောပေး။ ဟေးဟေး

    ReplyDelete
  2. အကို့မေမေက တကယ်တော်တယ်နော်။ ကဗျာလေးက ကောင်းတယ်။ အန်တီကျန်းမာပါစေလို့ ဆုတောင်းပါတယ်နော်။ ပျော်ရွှင်ပါစေ

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete
  3. မေမေ တစ်ယောက် နေကောင်းကျမ်းမာ ပျော်ရွှင်ပါစေ ၊ မေမေ့ ကဗျာလေး ကောင်းတယ် အကို ။ ။

    ReplyDelete