Wednesday, January 23, 2008

လ ရောင်ခေါက်သိမ်းခြင်း

လ ရောင်ခေါက်သိမ်းခြင်း

တေလေတစ်ယောက်ကို
ဆောင်းဦးပေါက် အိပ်မက်ပေးဖို့
ဒါဟာ … နင့်ရဲ့ …
ဘယ်နှစ်ကြိမ်မြောက် သိုးယောင်ဆောင်ခြင်းလဲ … …?

စံပယ်တွေစီခဲ့ပေမယ့်
ငါ့သက်တန့်ဟာ
မင်းတို့ကောင်းကင်နဲ့ မဆန့်ခဲ့ဘူး … …

ပင်လယ်ကိုလဲ ကူးခဲ့ဖူးပြီ … …

မျက်ဝန်းတစ်စုံရဲ့
ပွဲတော်ညအခင်းအကျင်းထဲ …
ရာသီလွန်ဝှက်ဖဲတစ်ချပ်ကို … လွမ်းခဲ့ …
မြေမှုန်တွေစွန်းထင်းရုံနဲ့တော့
ငါ့ကဗျာစာရွက်ပေါ်မှာ
မှော်ရောင်တွေ မလက်သင့်ဘူး … …

လွမ်းလိုက်တာ …
အလင်းတွေ အိပ်တော့မှ
အာရုဏ်ဦးကို မေ့မေ့ မူးမူး ခူး
ဒီကောင် …
ဘယ်လောက်များ ရူးလိုက်သလဲလို့ … …

လေးညှို့မှာ တည်တဲ့အနမ်း
ငါ့ နှုတ်ခမ်းတွေလဲ ဖုန်တက် …
နေပါစေကွယ် …
နတ်သမီး ပုံပြင်ထဲက
အ၀ါရောင် သံလွင်ဘုရင်မအတွက်
အန္ဓ တစ်ယောက်ရဲ့
ဖြစ်ဖြစ် မြောက်မြောက် အလွမ်းခန်းပေါ့ … …

တည်ညိမ်းကို
( ၂၀၀၁ ခုနှစ် ၊ “ မခင်းကျင်းမိသောအိပ်မက်များ ” မှ )

3 comments:

  1. ဘယ်လိုလဲ ပြန်ရပြီလား။ ကျွန်တော်တော့ မရသေးဘူးဗျာ။ ဒီကဗျာကို ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်လောက် ကတည်းက ဖတ်ခဲ့ရတာနော်။ အခုထိ သစ်လွင်နေတုန်းပဲ။ ကောင်းတယ် အကို။ ကြိုက်တုန်းပဲ။

    ReplyDelete
  2. ကဗျာ အရမ်းကောင်းတယ်ဗျ
    ကဗျာနဲ့ ပက်သက်ရင် ကော့မန့် ကောင်းကောင်း မရေးတတ်လို့ ဗျ...စိတ်မဆိုးနဲ့ နော်
    အစ်ကို့  ကဗျာတွေကိုတော့ အရမ်းကြိုက်ပြီးအမြဲအားးပေးနေပါတယ်..

    ReplyDelete
  3. ကဗျာလေးက.. tightတယ်..:)

    ReplyDelete