Thursday, January 24, 2008

အဖြစ်အပျက်

အဖြစ်အပျက်

သူ့ သဘောသူဆောင်တဲ့ မနက်တွေမှာ
သောက်နေကျ လက်ဖက်ရည်နဲ့
အသက်ရှုခြင်းဟာ အသက်ရှုခြင်းအတိုင်း …
နေထွက်ခြင်းဟာ နေထွက်ခြင်းအတိုင်း …
ရာသီလွဲ မျက်နှာမူခြင်းဟာလဲ အဲဒီအတိုင်း …
အထားအသိုမှားခဲ့တယ် … …

ခိုနေကြသစ်ရိပ်တွေနဲ့
ထိုင်နေကြခုံတန်းတွေရှိပေမယ့်
တွေ့နေကြ သူမ ဟာ ပျောက်ဆုံးလို့
ကျောက်တုံး အလွမ်းသံသဲ့သဲ့
အလေ့ကျသစ်ပင်ဆန်ခဲ့တယ် … …

ပကတိမျက်နှာတွေမွတ်သိပ်
အိပ်ရာလိပ်ကိုခိုးတဲ့ညများ
လက်ပံပင်ဆက်ရက်ကျဘ၀မှာ
နေပေါ်မှာ နေပူစာလှုံခဲ့တယ် … …

လက်တွဲဖော်ယဉ်ကျေးမှုနဲ့
ဘာသာမတူတဲ့ နေ့လည်စာများ
အကြားအလပ်မရှိ ရေစိုခံလိပ်စာ
လာခြင်းကောင်းတဲ့အိပ်မက်တွေနဲ့
လှံစိုက်ရာ မြေနိမ့်ခဲ့တယ် … …

ရက်စွဲတွေတပ်ဖြစ်လိမ့်မယ်
အစစ်တရားတွေ ရင်လွဲ
ကွဲလွဲမှု သင်္ကေတမှာ
သူသူ ငါငါ ထောင်ကြတဲ့ လက်ချောင်းများ …
“ အင်္ဂုလိမာလ ” သာရှိခဲ့ရင် … … …

တည်ညိမ်းကို

2 comments:

  1. ခိုနေကြသစ်ရိပ်တွေနဲ့
    ထိုင်နေကြခုံတန်းတွေရှိပေမယ့်
    တွေ့နေကြ သူမ ဟာ ပျောက်ဆုံးလို့
    ကျောက်တုံး အလွမ်းသံသဲ့သဲ့
    အလေ့ကျသစ်ပင်ဆန်ခဲ့တယ် … …

    ဒီတစ်ပိုဒ်လေး ဖွဲ့နွဲ့ပုံလေး တော်တော်ကြိုက်တယ်
    ကိုတည်ငြိမ်းကိုရဲ့ ကဗျာတွေကို အားပေးနေတယ်နော်

    ReplyDelete
  2. သူသူ ငါငါ ထောင်ကြတဲ့ လက်ချောင်းများ …
    “ အင်္ဂုလိမာလ ” သာရှိခဲ့ရင် … … …
    ကောင်းလိုက်တာ အစ်ကိုရာ ..။

    ReplyDelete