Tuesday, January 29, 2008

၁၄

၁၄

အိပ်မက်ကနှိုးလို့
နံနက်ခင်းကို မိုးပြီး ကြည့်ဖြစ်တယ် … …

အနားသတ်မျဉ်းတွေချိုးဖျက် …
ရုပ်ပြောင်းရုပ်လွဲပညာတွေချိုးဖျက် …
အဖြူရောင်သက်သက်ကိုပဲ
ရင်ဘတ်စုံဖွင့်
ဖန်ဆင်းလိုက်ချင်ရဲ့ … …

ဝတ်မှုံတစ်ခုရဲ့ သိမ်မွေ့မှုဟာ
ချစ်ခြင်းမေတ္တာလား
တရံရောအခါရဲ့ ရင်ချင်းကပ်ဘ၀တစ်စုံကတော့
မီးလင်းဖိုလေး နံဘေး
အလင်းစ တွေ …ဝေ… လို့ … …

မသစ်လွင်နိုင်တော့ရင်လဲ
အတူတကွ ဟောင်းနွမ်းလိုက်ကြတာပေါ့ကွယ် … …

မျက်ဝန်းပင်လယ်ထဲက မျှော်လင့်ချက်တွေ
ကူးခတ်ရင်းမီးသင့်
မသွားနှင့်ခင်လွှတ်ချလိုက်ပါ …
မဖတ်ဖြစ်တော့တဲ့ အဆုံး
မာယာတစ်ထောင်နင့်အမုန်းမှာ
ငါ့ ကဗျာတွေ
ဘယ်နှစ်ရာသီ ဘယ်နှစ်မိုး
အစိုက်အပျိုး ခံရအုံးမှာလဲ … …

ကန့်လန့်ကာနောက်ကွယ်က
အတိတ်ကိုအခါခါနမ်း …
အလွမ်းဆိုတာကို
ဘယ်ဘာသာဗေဒနဲ့မှ
စာလုံးမပေါင်းခဲ့ချင်ဘူး … …

ခူးခါနီးမှ ဖူးတဲ့ပန်း …
အနမ်းတစ်ခုရဲ့ သိမ်းသွင်းမှု ဒီဂရီ …
ဗျပ်စောင်းသံအိပ်မက်တေးထပ် …
ဖေဖော်ဝါရီ နေကြတ်တဲ့အခါ … … …

တည်ညိမ်းကို






3 comments:

  1. ဟဲဟဲ နာသိနေတယ်နော်။ ဒီကဗျာကို ဟင်းဟင်း ပြောချင်ဘူး။ ကောင်းပါတယ် ကောင်းပါတယ်။ အသစ်လေးကို မျှော်နေမယ်။ အ ဟိ

    ReplyDelete
  2. အမှတ်တရကဗျာလေးပဲဟာ ... ငါလဲပြောချင်ဘူး ... ဟင့် ...

    ReplyDelete
  3. ကန့်လန့်ကာနောက်ကွယ်က
    အတိတ်ကိုအခါခါနမ်း …
    အလွမ်းဆိုတာကို
    ဘယ်ဘာသာဗေဒနဲ့မှ
    စာလုံးမပေါင်းခဲ့ချင်ဘူး …..
    ဆိုတဲ့ရေးချက်လေးကောင်းတယ်ဗျာ။

    ReplyDelete