Thursday, March 6, 2008

အပြန်

ဝေေ၀သီတောတန်း
စိမ့်စမ်းနဲ့ အလင်္ကာ …
တဒင်္ဂမေးသိပ်
အေးရိပ်မှာ ခ,ကာမို့
ချိုမြမြတောအစွမ်း
ဒီမောင်မှာ မကျွမ်းဖြစ်တာကြောင့် …
တစ်လှမ်းကြွမယ်မြန်းအစကိုပ
မှန်းဆကာပြည်တော်ကိုဖြင့်
မျှော်ဆင့်ကာတွေး …. ….

ဒီအရေးကိုမတွေးပေလင့် …
ငြိမ့်ညောင်းငယ်ချိုကျူ
သဇင်ဖြူကိုပန်တဲ့သက်ထား
သည်မောင့်အပါးမှာ ခွန်အားရှိပါ့ …
သဇင်ကိုပန်လို့
သပြေကိုသွေး
အမောင်ရှိရာတောတန်းကိုငေးသပေါ့
ပူနင့်ကာဆွေး … ….

မတွေးလေနဲ့ချစ်သဲဖြူ
အမောင်ပြန်အလာ ကြိုကာပါးမယ့်
သပြေပျို မောင့်သက်ထားရယ်နဲ့
သဇင်လိုသင်းတဲ့လက်ကလေးကိုလ
ကြိုလင့်ကာမွှေး … …

တည်ညိမ်းကို


3 comments:

  1. ကောင်းဆုံးပဲအကိုရာ..တကယ်ကိုကောင်းတယ်..ရှေးစာဆို
    တစ်ဦး ရေးထားသလိုပဲ

    ReplyDelete
  2. type မျိုးစုံပါလား အစ်ကိုကြီးရ.. ပြန်ရင်မျှော်နေမယ့် သက်ထားလေးလည်းရှိတယ်ပေါ့.. မြန်မြန်ပြန်ဆုံပါစေဗျာ.. :)

    ReplyDelete
  3. ကိုတည်ငြိမ်ရေ ကဗျာရေးပုံလေး ကြိုက်တယ်ဗျာ။

    ReplyDelete