Tuesday, March 4, 2008

ဒေ၀ီ

နှင်းဆီပန်းကို
မီးနှုတ်ခမ်းနဲ့ နမ်းတဲ့ သမီးပျိုဟာ
မာယာအလင်္ကာ ကင်းရှင်းကြောင်း
ကြေးမှုံ ရှေ့မှာ လက်မှတ်ထိုးတယ် …

လ,အလင်းကို စစ်ခင်းပြီးယူခဲ့တာလဲ သူမ,ပဲ …
ည မှာတော့ဒဏ်ရာပရပွ …
အမှောင်အုပ်တွေက တိုးတိုးဆိတ်ဆိတ် ငိုကြွေးကြ
ရှိသမျှအားနဲ့ ကဗျာရေးရင်း
ညက သွေးအလိမ်းလိမ်းနဲ့ သေတယ် …
အဲဒီညက ဘယ်ပန်းမှ မပွင့်ဘူး …

တောအုပ်ကတော့
ကိုင်းဖျားကိုင်းနားတွေကို ချွန်မြရင်း
သူမ,ချဉ်းနင်းဝင်ရောက်လာရင်
မျှင်း … မျှင်းပြီးသတ်ဖို့
သေနင်္ဂဗျူဟာကို ခင်းတယ် …

နောက်တစ်နေ့ …

အလင်းတွေ တစ်ဖျောက်ဖျောက် အကျမှာ
သူမ,ဟာ
မာယာကို ဆောင်ဓါးလို မြှောက်ရင်း
တောအုပ်အတွင်းကိုဝင်တယ် …

တောအုပ်ကတော့
သူ့ဗျူဟာနဲ့သူ လှပစွာငြိမ်သက်နေခဲ့ …
သူမ,တောအလည်အရောက်မှာ
ရုတ်တရက် တောမှောက်ပစ်လိုက်ရော …
စူးရှစွာချယ်သထားတဲ့ သစ်ကိုင်းဖျားတွေက
အရင်လေးမျက်နှာက ထိုးဆွကြ …
မီးစမီးနတွေ တဖွားဖွားကျရင်း
သူမ,သေဆုံးသွားတော့တယ် …

တောမာယာဟာ
သူမ,ထက်သာကြောင်းကိုတော့
အဲဒီနေ့ကပဲ သိခွင့်ရလိုက်ပေါ့ … …

တည်ညိမ်းကို


7 comments:

  1. ချစ် ကဗျာတွေက ပိုပိုကောင်းလာတယ်။ အေးလေ ချစ်ကို မောင်က ဦးစားပေးတယ်။ များများရေးနော်။ ဟိဟိ ( ကိုယ်က မရေးနိုင်လို့ မြှောက်ပေးခြင်း ဖြစ်ပါသည်။ ) ဒီကဗျာလေး ဖွဲ့စည်းပုံကြိုက်တယ်။ ကိုရင်ငတည် သိပ်တော်သည် ပေါ့ဗျာ။ ဟဲဟဲ

    ReplyDelete
  2. နှင်းဆီပန်းကို
    မီးနှုတ်ခမ်းနဲ့ နမ်းတဲ့ သမီးပျိုဟာ
    မာယာအလင်္ကာ ကင်းရှင်းကြောင်း
    ကြေးမှုံ ရှေ့မှာ လက်မှတ်ထိုးတယ် …

    မိုက်တယ်ဗျာ... စကားလုံးတွေက အသက်ဝင်တယ်..
    အသက်သွင်းထားတယ်...

    ReplyDelete
  3. ကျွန်တော်ကတော့ `ဒေ၀ိ´ ပဲသိတယ်။ မြန်မာသက္ကရာဇ်နဲ့ အင်္ဂလိပ် ခြားနားချက် `638´ ကို မြန်မာလိုမြင်ရင် ဒေ၀ိတဲ့ဗျ။ ဟား ဟား

    ReplyDelete
  4. နှင်းဆီပန်းကို
    မီးနှုတ်ခမ်းနဲ့ နမ်းတဲ့ သမီးပျိုဟာ
    မာယာအလင်္ကာ ကင်းရှင်းကြောင်း
    ကြေးမှုံ ရှေ့မှာ လက်မှတ်ထိုးတယ် …

    မိုက်တယ်ဗျာ...အဖွဲလေးတွေကတော့ တာရာမင်းဝေတောင်
    မယှဉ်နိုင်လို့ သေသွားပေးရတယ်

    ReplyDelete
  5. ဒေဝီရဲ့ သေဆုံးခန်းက သွေးပျက်စရာကောင်းတယ် ကဗျာထဲမှာ ဝိဘစ္ဆရသတွေပါတယ်နော် မာယာမင်းသမီးတိုင်း သဘာဝရဲ့လှည့်ကွက်အောက် ဇာတ်သိမ်းမလှဘူး

    ReplyDelete
  6. လုပ်လိုက်ပြန်ပြီကိုတည်တို့ ကတော့
    မိုက်ပကွာကဗျာ Flow လေး
    Colorful ပဲဗျို့ 
    :)

    ReplyDelete