Monday, March 24, 2008


ကန့်လန့်

မနက်လင်းလာတော့
ရေမျောကမ်းတင် ခန္ဓာကိုယ်ကြီးက
စိတ်မပါလက်မပါနိုးထလာရ …

ဒီမနက်က
ခါတိုင်းလောက်မလင်းပါလားဆိုပြီး
မျက်လုံးကိုပွတ်သပ်ကြည့်တော့မှ
မျက်မှန်တပ်ဖို့သတိရလာတယ် …

မျက်နှာသစ် ၊ သွားတိုက်ရတာကိုက
မနိုင်ဝန်ထမ်းနေရသလို
လေး … လံ … လှ …

မီးဖိုခန်းသွား ...
သန့်စင်ခန်းသွား ...
အိပ်ခန်းထဲသွား ...
မီးဖိုခန်းကိုပြန်သွား ...
ငါ သောက်ရမယ့်ဆေးကို
ငါ့ ခြေထောက်တွေကိုပဲ တိုက်လိုက်တယ် …

ခန္ဓာကိုယ်ကြီးက
ပက်လက်မျောပါများလာတော့
ခါးနာရောဂါပါ စွဲကပ်လာတယ် …

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီးက
လုပ်နေကျအလုပ်ကို မလုပ်နိုင်ဘူး
စားနေကျအစာကို မစားနိုင်ဘူး
သတိရနေကျသူကို သတိမရနိုင်ဘူး
ရေးနေကျကဗျာကို မရေးနိုင်ဘူး …

ဖြစ်ချင်တာဖြစ်
လုံးလုံးလျားလျားလင်းမယ့် မနက်တစ်ခုဆီကိုတော့
ဒီခန္ဓာကြီးကို ဆွဲခေါ်သွားရလိမ့်မယ် …

တည်ညိမ်းကို

3 comments:

  1. ကိုတည်ကြီး ခါးကိုက်နေတာလဲ မခံနဲ့လေ အကို့ရာ
    ပြန်ကိုက်လေ ခါးကို ...:P
    အမြန်ဆုံး ခါးနာပျောက်ပြီး ကဗျာတွေ ရေးနိုင်ပါစေ

    ReplyDelete
  2. အကိုရေ ဒီကဗျာကမှ သရုပ်မှန်ဗျ။ ဟီးဟီး

    ReplyDelete
  3. ကိုတည် သယ်ရင်း ...
    ကဗျာ သရုပ်ဖော်ထားတာလေး ကောင်းတယ်...း)
ို ဒီခန္ဓာကိုယ်ကို မနက်တိုင်း အဆင်ပြေစွာနဲ့ ဆွဲခေါ်သွားနိုင်ပါစေရှင့်...း)

    ReplyDelete