Saturday, March 15, 2008


မျက်လှည့်

တစ်ရာသီလုံးလုံး
လင်းအုံသင်းမြခဲ့တဲ့ စံပယ်ရနံ့ဟာ
တေလေသားပေါက်ရဲ့ ရင်ဘတ်တစ်ခြမ်းကို
ခပ်ကြမ်းကြမ်းလေး စီးမိုးသွားခဲ့တယ် …

အပြုံးရှတဲ့ ဒဏ်ရာက
မှော်ဆရာတိုက်တဲ့ ကျိန်စာလို
နားစွင့်လေတိုင်း စံပယ်သံတွေကိုပဲ ကြားနေခဲ့ရ …

တစ်သက်လုံးမပိုင်ဆိုင်ချင်သူဟာ
တစ်ချိန်ချိန်မှာပစ်ချထားလိမ့်မယ် …
သစ်ရွက်တွေနွယ်တက်ချိန်မှာပဲ
မျှော်လင့်ခြင်းတွေကို ရိတ်သိမ်းပေးကြပေါ့ …

တေလေလေးရဲ့ မာတိကာမှာ
နာမည်တစ်လုံးကို ဖျက်ပြီးတဲ့အဆုံး
မီးဟုန်းဟုန်းတောက်ရင်း ပျောက်ကွယ်သွားတော့တယ် …

တည်ညိမ်းကို


1 comment:

  1. တေလေလေးကမီးဟုန်းဟုန်းတောက်ပြီး
    ပျောက်ကွယ်သွားပေမယ့် ဖြူစင်တဲ့
    အချစ်တွေတော့ထားသွားခဲ့မှာပေါ့။

    ReplyDelete