Sunday, March 9, 2008

အမျှင်

ညှို့မယ့်ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ …

ကိုယ်က လွဲရင် ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့ …

တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမယ့်ကြိုးလို
လှုပ်လေတင်းလေ …

တစ်ယောက်အမြီးကို
တစ်ယောက်ပြန်မျိုရင်း
ကိုယ့်ကိုယ်ကိုတွေ့တယ် …

ဖြေဆေးအတွက်
ကိုယ့်အဆိပ်ကို အန်ချပေးတော့
လျှာနှစ်ခွနဲ့ လျက်လို့ …

အချိန်မရှိတော့ဘူး … နေရာမရှိတော့ဘူး …
ဒီမှာတင် အသက်ကိုအပ်ခဲ့မယ် …
ကိုယ့် … တွန်သံကြားလဲ
လှည့်မကြည့်နဲ့တော့ …


လူမင်း နဲ့ မိုးဟေကို တို့ပါဝင်တဲ့ “ အမျှင် ” ဗီဒီယိုဇာတ်ကားထဲက ကဗျာလေးတစ်ပုဒ်ပါ …
ဇာတ်ကားတစ်ခုလုံးမှာ ကဗျာကို ထပ်ခါထပ်ခါရွတ်ရင်းဇာတ်အိမ်ဖွဲ့ထားပါတယ် … တော်တော်များများတော့ ကြည့်ပြီးကြလောက်ပြီထင်ပါတယ် … မကြည့်ရသေးသူများအတွက်လဲ ကြည့်ဖို့ညွှန်းပါရစေ …

တည်ညိမ်းကို


2 comments:

  1. အဲဒီ အမျှင်ကို ကြည့်ပြီးသွားပြီ။ အဲဒီ ကဗျာလေးက တမျိုးလေးပဲ..အရမ်းမကောင်းသလို ဆိုးလည်းမဆိုးဘူးထင်တာပဲ...ဒါပေမယ့် တခြားကဗျာတွေနဲ့ မတူတာတော့ အမှန်ပဲ။

    ReplyDelete
  2. ကဗျာလေးကတော့ အရမ်းကောင်းတယ်ဗျ.. နည်းနည်းလေး တိုက်ဆိုင်နေလို့.. အခုတော့ ကဗျာလေး ကျေးဇူးနဲ့ အစစအရာရာ အဆင်ပြေသွားပြီ.. ကျေးဇူး အကိုရေ...

    ReplyDelete