Friday, March 7, 2008

ဇစ်မြစ်

သွေးရင်းနဲ့
အသွားကြွေသွားတဲ့
ဓါးတွေတွေ့ဖူးလား …

ဆယ့်ငါးနှစ်အာမခံတိုက်တာတွေ
မြေခကြွေကျသွားတာတွေ့ဖူးလား …

ဂရမ်တီ အထပ်ထပ်ခံတဲ့
ကမ္ဘာကျော် “ ဆိုနီ ” အီလက်ထရောနစ်တွေ
တခုတ်တရ အလျော်အစားဖြစ်နေတာရောတွေ့ဖူးလား …

လတ်တလော ချမ်းသာကြွယ်ဝနေသူတွေ
ရုတ်ချည်းကွယ်ပျက်
ခွက်လက်ဆွဲနေတာရော တွေ့ဖူးလား …

ပြီးတော့ …
ဖြူစင်ပါတယ်ဆိုတဲ့ ဘ၀တွေ
နေရောင်နဲ့တွေ့တော့
နီစိမ်းဝါနေတာကိုရော
… … တွေ့ဖူးလား … …

တည်ညိမ်းကို


3 comments:

  1. မတွေ့ဖူးတော့ ဘာလုပ်ချင်တုန်းဗျာ။ တကတည်း သူပဲ မေးနေတယ်။ လွမ်းလို့ ဂေါက်သွားတဲ့ ငချီရွန် တွေ့ဖူးလား။ ဟဲဟဲ ကြော်ငြာ ၀င်သွားတယ်။ ဟိုဟာ ရေးပါဗျို့။ တက်တယ်ဗျို့။ ငှဲငှဲ

    ReplyDelete
  2. တက်ရင်ခြေမကိုချိုးရတယ် ... ဟီး ... မသိခြင်ထောင်ထောင်နေမှ ... ဟတ်ဟတ်

    ReplyDelete
  3. ဟုတ်. တွေ့ဖူးပါတယ်။
    ကဗျာရေးရင်းနဲ့ ဂေါက်သွားတာရော
    တွေ့ဖူးလား.. အဟဲ

    ReplyDelete