Tuesday, March 4, 2008

ဖတ်စာ ( ၂ )

အတောင်အလက်လေးစုံလာတော့ …

လူကြားသူကြားကို
ဘီးလေးလုံးနဲ့ သွားချင်လာတယ် …

လမ်းဘေးဆိုင်တွေထက်
မိုးမျှော်တိုက်ပေါ်က
တံဆိပ်ကပ် မုန့်ကိုမှ စားချင်လာတယ် …

“ တစ် ” နောက်က “ သုည ” များစွာအတွက်
ရှိစုမဲ့စု အတောင်အလက်လေးနဲ့
“ အချိုးတူ ” လဲချင်လာတယ် …

မင်းဘယ်လိုပျံသန်းမလဲကွယ် …
ရင်လေးလှချည်ရဲ့ …
အသိဆိုတာကိုတော့
မီးခလုပ်လို
ပိတ်ချည်ဖွင့်ချည် မလုပ်သင့်ပေဘူး …

နောက်ဖက်က အမှောင်ထဲမှာ
ဓါးပါးပါးလေးတွေ ၀ဲပျံနေကြ …
လှလှပပရှောင်တိမ်းတတ်ပါမှ
ဘ၀မှာ ခြေစုံရပ်နိုင်မယ် …
လူတကာရဲ့ကျောကုန်းကတော့
မင်းအတွက် လှေကားမဟုတ်ဘူး …
မင်းရဲ့ ခြေလှမ်းတွေသာ မင်းရဲ့လှေကားဖြစ်တယ် …

ဘ၀ဟာ
ကင်းဘတ်စ အလွတ်နဲ့တူတယ် …
ပန်းချီတစ်ကားကို
ကိုယ်ကိုယ်တိုင် ဆွဲနိုင်ရင်ဆွဲ
မဆွဲနိုင်ရင်တော့
သူများက ၀င်ဆွဲသွားလိမ့်မယ် …

တည်ညိမ်းကို

2 comments:

  1. သားကတော့ ၀င်ဆွဲပါဘူးနော့။ သူက တရားခံ ရှာနေတာလားမှ မသိတာ။ ဟဲဟဲ ကဗျာတွေက လန်းလှချည်လား။ လက်သံပြောင်နေတယ်ပေါ့လေ။ ကောင်းပါ့ ကောင်းပါ့။

    ReplyDelete
  2. အသိဆိုတာကို မီးခလုတ်လို ဖွင့်ချည်ပိတ်ချည် မလုပ်သင့်ပေဘူး မင်းခြေလှမ်းတွေသာ မင်းရဲ့လှေခါး ကိုယ်တိုင်မဆွဲနိုင်ရင် သူများကဝင်ဆွဲသွားမယ့် ပန်းချီတစ်ကား တန်ဖိုးရှိတဲ့ အဆိုအမိန့်များပါ မှတ်သားထားရင် အကျိုးရှိမယ့် ကဗျာလေးနော်

    ReplyDelete