Monday, March 3, 2008

ပြက္ခဒိန်ပေါ်က ကြက်ခြေခတ်များ

စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
ဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
ဗျပ်စောင်းသံတစ်အုပ်နဲ့
မိုးကုတ်စက်ဝိုင်းဆီကို
ခရီးထွက်သွားတယ် …

ကဗျာတစ်ပုဒ်တစ်လေမှ
လက်ဆောင်ပေးခွင့်မရ …
ကျွန်တော့်အလွမ်းတွေ ပဲ့တင်ခွင့်ရရင်
ကောင်းကင်ကတဆင့်
ဘုရင်မကြားပါစေ …

ဝေးသွားတာလဲ မဟုတ်သလို
ကွေကွင်းသွားတာလဲမဟုတ် …
အသံတစ်ကမ်းစာသာ
ကျွန်တော်တို့ခြားနားခဲ့ကြတာ …

လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
ဖြစ်နိုင်ရင် ...
ကျွန်တော့် ကဗျာမပြီးမချင်း
ဘယ်ငှက်မှ တေးမဆိုစေရ …
သိုလှောင်ထားသမျှ
ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
ဘယ်လိုအရာမှ
တားဆီးခွင့်မရှိပေဘူး …

ကိုယ့်ကိုယ်ကို လောင်တဲ့ မီးက ပိုပူတယ် …
ခြားနားခြင်းရလဒ်က
ကျွန်တော့် ပင်လယ်ကို နီမြန်းသွားစေပေါ့ …

နေ့ရက်တွေ တဖြန်းဖြန်း ပွင့်ကြ …
ကျွန်တော့် သက္ကရာဇ်တွေ တဖြန်းဖြန်း ပွင့်ကြ …
နေ့လွဲညလွဲ အလွမ်းတွေလဲ တဖြန်းဖြန်း ပွင့်ကြ …
ဘုရင်မရေ …
တခေါက်တခါဖြစ်ဖြစ်တော့ …
ကဗျာဆရာ ခေါင်းချရာအရပ်ကို ပြန်ခဲ့ကွယ် … …

တည်ညိမ်းကို

10 comments:

  1. စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
    ဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
    ဗျပ်စောင်းသံတစ်အုပ်နဲ့
    မိုးကုတ်စက်ဝိုင်းဆီကို
    ခရီးထွက်သွားတယ်

    အရေးအသားတွေလှတယ်ကွာ

    ReplyDelete
  2. တယ်ဆိုတဲ့ တော်လ်ကီတွေပါလားနော်။
    ဘုရင်မကိုတောင် ကဗျာဆရာ ခေါင်းချရာ
    အရပ်ကို ပြန်လာခိုင်းနေတာ။ ကြိုက်၏။
    ပြန်တင်လိုက်ဦးမယ်။ ဟဲဟဲ။

    ချိုးတွမ်း

    ReplyDelete
  3. "လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
    ဖြစ်နိုင်ရင် ...
    ကျွန်တော့် ကဗျာမပြီးမချင်း
    ဘယ်ငှက်မှ တေးမဆိုစေရ …
    သိုလှောင်ထားသမျှ
    ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
    ဘယ်လိုအရာမှ
    တားဆီးခွင့်မရှိပေဘူး … "

    အစ်ကိုရေ...အလွမ်းဘုရင်မလား၊ အချစ်ဘုရင်မလား။

    ReplyDelete
  4. ဟေ့ မန်း ရွားတယ်ကွာ တော်ကီကတော့ လန်ထွက် လျှံတက်နေတာပဲ။ တပုဒ်လုံးကြိုက်တယ်။

    ReplyDelete
  5. အကိုရေ..ကဗျာလေးကကောင်းတယ်။ စာသားတွေကမိုက်တယ်။

    ReplyDelete
  6. စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
    ဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
    ဗျပ်စောင်းသံတစ်အုပ်နဲ့
    မိုးကုတ်စက်ဝိုင်းဆီကို
    ခရီးထွက်သွားတယ် …

    လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
    ဖြစ်နိုင်ရင် ...
    ကျွန်တော့် ကဗျာမပြီးမချင်း
    ဘယ်ငှက်မှ တေးမဆိုစေရ …
    သိုလှောင်ထားသမျှ
    ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
    ဘယ်လိုအရာမှ
    တားဆီးခွင့်မရှိပေဘူး …

    နေ့ရက်တွေ တဖြန်းဖြန်း ပွင့်ကြ …
    ကျွန်တော့် သက္ကရာဇ်တွေ တဖြန်းဖြန်း ပွင့်ကြ …
    နေ့လွဲညလွဲ အလွမ်းတွေလဲ တဖြန်းဖြန်း ပွင့်ကြ …
    ဘုရင်မရေ …
    တခေါက်တခါဖြစ်ဖြစ်တော့ …
    ကဗျာဆရာ ခေါင်းချရာအရပ်ကို ပြန်ခဲ့ကွယ် … …

    အကောင်းဆုံးစကားလုံးအဖွဲ့ အနွဲ့ တွေဗျာ
    ကြိုက်တယ်လို့ ပြောရတာနည်းနေတယ်ထင်တယ်
    ဘိုပြောရမှန်းကိုမသိဘူး မိုက်တယ် ;)
    ***** ကိုတည်ရေကျွန်တော်လည်းကဗျာရေးချင်နေတယ်
    ရေးမယ်လုပ်လိုက်တိုင်းလည်း
    ကျွန်တော့်ဧ၀လေးနှောက်ယှက်နေလို့ 
    ရေးလို့ ကိုမရဘူး
    *******

    ReplyDelete
  7. ကိုတည်ကြီး အွန်လိုင်းပေါ်မလာပဲနဲ့ ဘုရင်မနောက်လိုက်နေတာလား... စာသားတွေကတော့ အမိုက်စားတွေကြီးပဲ... အွန်လိုင်းမလာပဲနဲ့ ကြိတ်ပြီးကဗျာတွေ ရေးနေတယ်ပေါ့လေ... ဘုရင်လဖြစ်ခဲ့ရင်တောင် ဧကရီလိုဘုရင်လမှိုးပဲ ဖြစ်ချင်တယ်... ဘယ်လိုဘုရင်မမျိုးနဲ့ ကိုတည်က ကောင်မလေးကို နှိုင်းယှဉ်တာတုန်း... ကဗျာကိုကြိုက်တယ်ကိုတည်ရေ...

    ReplyDelete
  8. ကြိုက်တာကို ကြိုက်တယ်လို့ပဲ ပြောတော့မယ်ဗျာ.. ကဗျာမပေးရခင် ခဏဝေးသွားတယ်ပေါ့... အားပေးနေတယ်.. ကြိုက်တယ်ဗျာ.. ဒါပဲပြောတတ်တော့တယ်.. :)

    ReplyDelete
  9. ကဗျာလေးကို ကြိုက်တယ်နော် ဘုရင်ကိုတောင်မှ အားမနားဘူး မကြောက်ဘူးလားဘုရင်ကိုလေ

    ReplyDelete
  10. ချစ်သူကို ဘုရင်မနဲ့တင်စားမှတော့ အဲဒါကဗျာဆရာဆိုတာ သေချာပြီပေါ့ ဘုရင်မသာ ကဗျာဆရာခေါင်းချရာအရပ်ကို ပြန်လာခဲ့ရင် ဧကရီရဲ့မျက်ရည်တွေနဲ့ ကဗျာတွေပြန်လည်နိုးထမလား

    ReplyDelete