Sunday, March 2, 2008

နာမ်

က,ပွဲ တစ်ပွဲကိုလာကြည့်ဖြစ်တော့ …

ငါက …
အမျိုးသားဝတ်စုံကိုပဲဝတ်ခဲ့တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
မီးပူတိုက်ပြီးသား
ခေါက်ရိုးကျိုးနေတဲ့ ၀တ်စုံပဲ ၀တ်ခဲ့ …

ငါက …
သမားရိုးကျတွေပဲပြောခဲ့တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
အလွတ်ကျက်ထားတာတွေပဲပြောခဲ့ …

ငါက …
သွေးစစ် ၊ သားစစ် မျက်နှာနဲ့ပြုံးနေခဲ့တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
မျက်နှာဖုံး နဲ့ ပြုံးနေခဲ့ …

က,ပွဲ စတော့ …

ငါက …
ကချေသည်တွေ က တာကိုကြည့်တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
ကနေတဲ့ ကချေသည်တွေကိုကြည့်တယ် …

ငါက …
ဂီတကို နားနဲ့နားထောင်တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
ဦးဏှောက်နဲ့ နားထောင်တယ် …

က,ပွဲပြီးလို့ အိမ်ပြန်တော့ …

ငါက …
က,ပွဲရဲ့ အလှကိုတွေးလာတယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
က,ပွဲအတွက် ကုန်ကျစရိတ်ကိုတွေးလာတယ် …

တည်ညိမ်းကို


4 comments:

  1. တွေးပြီးရင် ပြောပြ အကို။ ဘယ်လောက် ကုန်နိုင်မလဲလို့ :P

    ReplyDelete
  2. ကိုယ့်ကိုယ်ကို ပြန်မြင်ထားတဲ့အတွေးကဗျာလေး လှတယ်ဗျာ.....တော်၂များ၂လဲ ဒီလိုအဖြစ်လေးပဲထင်တယ်နော့် ကျနော်လဲ ကဗျာဖတ်ပြီးမှပဲ ပြန်မေးကြည့်အုံးမယ်း)
    ကုန်ကျတာတွေများတယ်ထင်တယ် ရှိရဲ့လား ဗျ...ဟားဟားးး

    ReplyDelete
  3. နားလည်သလိုလို... နားမလည်သလိုလို.ပဲ.. @_@

    ReplyDelete
  4. မဟုတ်ပါဘူး တည်ငြိမ်းကိုက တူရိယာသံတွေရဲ့ဂီတကို ခံစားတာ ဂီတတူရိယာတွေရဲ့အသံကို နားထောင်တာ မဟုတ်ဘူးမလား အပြန်ကျတော့ရော ကပွဲအတွက် လူပြိန်းတွေရဲ့ ကုန်ကျစရိတ်ကိုတွေးမလာဘူး လူပြိန်းတွေအတွက် ကပွဲရဲ့ကုန်ကျစရိတ်ကိုပဲ တွေးလာတာမလား

    ReplyDelete