Sunday, July 20, 2008

အစိမ်းချုပ်


အဲဒီလိုပဲလေ …

နွေကတော့ သူ့ဟာသူကုန်ဆုံးခဲ့တာ …

သစ်ပင်တွေသာ

နွမ်းလိုနွမ်းလိုနွမ်း …

ခြောက်လိုခြောက် …


ကောက်ကြောင်းသိပ်မလှတော့

နွေပန်းချီ မဆွဲချင်ဘူး …

ဖြစ်ချင်တာဖြစ် …

ငါချစ်တဲ့ နှင်းဆီကိုပဲ

စုတ်တံထဲထည့်မယ် …

ဆူးအပြိုင်းအရိုင်းနဲ့

သွေးထွက်သံယို လှပစေ …


ဘာတွေတွေးနေပါသလဲ …

မင်းကြိုက်တဲ့ သီချင်းတွေ

ရေဒီယိုကမလွှင့်တာ

… ကြာခဲ့ပေါ့ …

ငါ့ကိုပဲ ဖြန့်ခင်းကြည့်လိုက် …

မင်းလွှတ်ချခဲ့တဲ့ နှလုံးသားတစ်ခုပြုတ်ကျသံကြားရမယ် …


အမှတ်မရှိတဲ့ကောင်ပေါ့ …

မိုးသံလေသံကြားတိုင်း …

သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့

ချစ်သူ့ဆံနွယ်ထက်မှာ

(တခုတ်တရ)

ဖြန့်မိုးပေးချင်တုန်း …


အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …

ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …


တည်ညိမ်းကို



8 comments:

  1. ဖန်ကွဲစတွေပဲနော် :)

    ReplyDelete
  2. အစိမ်းချုပ်လိုက်တာလားကိုတည်ရေ ...
    ဒါဆိုလည်းကွဲနေတဲ့ ဖန်ပြတင်းစတွေကိုပါထည့်
    ချုပ်ပလိုက်လေဗျာ :P

    ReplyDelete
  3. ကဗျာတပုဒ်ဟာရုပ်ရှင်တကားကြည့်ရသလိုတိုတိုနဲ့
    ထိတယ်။

    ကဗျာချစ်သူ
    မသက်ဇင်

    ReplyDelete
  4. ကောင်းတယ်ဗျာ
    ဒဏ်ရာဟောင်းတွေ....
    ................
    ................
    ကိုတည်စတဲ့ဇာတ်လမ်းဗျာ..
    ကျွန်တော်ကိုလည်းခုအစိမ်းလာပြန်ချုပ်ပေး
    :)
    တစ်မျိုးထင်သွားမှာစိုးလို့ ပြုံးပြခဲ့တာပါကိုတည်
    ရစ်တယ်ထင်သွားမှာစိုးလို့ ပါ
    တကယ်ဆို.....
    ကျွန်တော့်စိတ်တွေစုတ်ပြတ်သတ်ကုန်တာပါ
    အဆင်ပြေပါစေဗျာ

    ReplyDelete
  5. အကိုက ကဗျာတိုင်းကိုကောင်းနေတော့တာပဲ

    ReplyDelete
  6. အားးးး ဖန်ကွဲတွေရှလို့ :P

    ReplyDelete
  7. အမှတ်မရှိတဲ့ကောင်ပေါ့ …

    မိုးသံလေသံကြားတိုင်း …

    သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့

    ချစ်သူ့ဆံနွယ်ထက်မှာ

    (တခုတ်တရ)

    ဖြန့်မိုးပေးချင်တုန်း …


    အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …

    ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …
    ဟုတ်ပ... ဖန်စကတော့ ပြန်ဆက်လို့ ရတော့ဘူး

    ReplyDelete
  8. ဆူးအပြိုင်းအရိုင်းနဲ့
    သွေးထွက်သံယို လှပစေ …

    အစ်ကိုရေ.. ကဗျာက ကောင်းလွန်းတယ်ဗျာ။

    ReplyDelete