အစိမ်းချုပ်
အဲဒီလိုပဲလေ …
နွေကတော့ သူ့ဟာသူကုန်ဆုံးခဲ့တာ …
သစ်ပင်တွေသာ
နွမ်းလိုနွမ်းလိုနွမ်း …
ခြောက်လိုခြောက် …
ကောက်ကြောင်းသိပ်မလှတော့
နွေပန်းချီ မဆွဲချင်ဘူး …
ဖြစ်ချင်တာဖြစ် …
ငါချစ်တဲ့ နှင်းဆီကိုပဲ
စုတ်တံထဲထည့်မယ် …
ဆူးအပြိုင်းအရိုင်းနဲ့
သွေးထွက်သံယို လှပစေ …
ဘာတွေတွေးနေပါသလဲ …
မင်းကြိုက်တဲ့ သီချင်းတွေ
ရေဒီယိုကမလွှင့်တာ
… ကြာခဲ့ပေါ့ …
ငါ့ကိုပဲ ဖြန့်ခင်းကြည့်လိုက် …
မင်းလွှတ်ချခဲ့တဲ့ နှလုံးသားတစ်ခုပြုတ်ကျသံကြားရမယ် …
အမှတ်မရှိတဲ့ကောင်ပေါ့ …
မိုးသံလေသံကြားတိုင်း …
သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့
ချစ်သူ့ဆံနွယ်ထက်မှာ
(တခုတ်တရ)
ဖြန့်မိုးပေးချင်တုန်း …
အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …
ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …
တည်ညိမ်းကို
ဖန်ကွဲစတွေပဲနော် :)
ReplyDeleteအစိမ်းချုပ်လိုက်တာလားကိုတည်ရေ ...
ReplyDeleteဒါဆိုလည်းကွဲနေတဲ့ ဖန်ပြတင်းစတွေကိုပါထည့်
ချုပ်ပလိုက်လေဗျာ :P
ကဗျာတပုဒ်ဟာရုပ်ရှင်တကားကြည့်ရသလိုတိုတိုနဲ့
ReplyDeleteထိတယ်။
ကဗျာချစ်သူ
မသက်ဇင်
ကောင်းတယ်ဗျာ
ReplyDeleteဒဏ်ရာဟောင်းတွေ....
................
................
ကိုတည်စတဲ့ဇာတ်လမ်းဗျာ..
ကျွန်တော်ကိုလည်းခုအစိမ်းလာပြန်ချုပ်ပေး
:)
တစ်မျိုးထင်သွားမှာစိုးလို့ ပြုံးပြခဲ့တာပါကိုတည်
ရစ်တယ်ထင်သွားမှာစိုးလို့ ပါ
တကယ်ဆို.....
ကျွန်တော့်စိတ်တွေစုတ်ပြတ်သတ်ကုန်တာပါ
အဆင်ပြေပါစေဗျာ
အကိုက ကဗျာတိုင်းကိုကောင်းနေတော့တာပဲ
ReplyDeleteအားးးး ဖန်ကွဲတွေရှလို့ :P
ReplyDeleteအမှတ်မရှိတဲ့ကောင်ပေါ့ …
ReplyDeleteမိုးသံလေသံကြားတိုင်း …
သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့
ချစ်သူ့ဆံနွယ်ထက်မှာ
(တခုတ်တရ)
ဖြန့်မိုးပေးချင်တုန်း …
အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …
ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …
ဟုတ်ပ... ဖန်စကတော့ ပြန်ဆက်လို့ ရတော့ဘူး
ဆူးအပြိုင်းအရိုင်းနဲ့
ReplyDeleteသွေးထွက်သံယို လှပစေ …
ွှ
အစ်ကိုရေ.. ကဗျာက ကောင်းလွန်းတယ်ဗျာ။